Part-4

15.2K 1K 30
                                    

* ဟက်.. မင်းအရင်လာစတာနော် ကောင်လေး *

ထို့နောက် ဦးထွဋ်ခေါင်သည် လက်နှစ်ဖက်ဖြင့် ထိုအူကြောင်ကြား ကောင်လေး၏  မျက်နှာကိုဆွဲယူကာ  နှုတ်ခမ်းချင်း ထပ်မံ၍ ထပ်တူကျစေလိုက်လေသည်၊၊ 

ပထမဆုံး ပန်းသွေးရောင် အောက်နှုတ်ခမ်းပါးအား စုပ်နမ်းလိုက်ပြီးနောက် ဘီယာနံ့သင်းနေသည့် ထိုကောင်လေး၏ ခံတွင်းထဲသို့ သူ၏ လျှာအား အလည်သွားစေလိုက်လေသည်။  ခါးသက်သက် ခံစားမှုနှင့် နွေးထွေးအိစက်နေသည့် ထိုကောင်လေး၏ အာခံတွင်းလေးဟာ သူ့အား တစ်နည်းနည်းနှင့် ဆွဲဆောင် နေသယောင်ပင် ၊၊

ထို့ကြောင့် ပညာပေးရုံလောက်ပဲ နမ်းရန် စိတ်ကူးရှိသည့်အခြေအနေကနေ ထိုကောင်လေး၏ နူးညံ့သည့် ထိုနှုတ်ခမ်းပါးများအား အားထည့်ကာ စုပ်ယူ၍ နမ်ရှိုက်မိလေတော့သည်၊၊ မူးနေသည့် ကောင်လေးဟာ သူ၏ ဦးဆောင်မှုနောက်ကိုသာ ငြိမ်ငြိမ်လေး လိုက်လာရန်မှအပ ဘာမျှမရှိတော့ပေ၊၊ သို့သော် ထိုကောင်လေးဟာ သူ၏ ကြမ်းတမ်းလှသည့် အနမ်းများအား ငြင်းဆန်ပုံရယ်လို့ မပြလာခဲ့ပေ၊၊ ရီဝေဝေ အကြည့်များနှင့်သာ လက်ခံခဲ့လေသည်၊၊

ထို့နောက် နှစ်ဦးသားလုံးဟာ  မွတ်သိပ်စွာ နမ်းရှိုက်နေကြရင်းပင် ဆယ် မိနစ်လောက် ကြာသွားသောအခါ ကောင်လေးဘက်မှ အသက်ရှူကြပ် လာတယ်ထင် သူရဲ့ လက်မောင်းနှစ်ဖက်ကို လာပုတ်ကာ အချက်ပြ လေသည်။ သူလဲ အရှိန်ရနေတော့ ချက်ချင်းမရပ် သေးပဲ ဆက်နမ်းနေလိုက်တော့ ထိုကောင်လေးဟာ ခြေထောက် တွေပါ ခွေယိုင်ကျသွားပြီး toilet နံရံကို မှီကာ အိပ်ပျော်သွား လေတော့သည်၊၊

~~~~~~~~~~~~~~~~~ ~

တီ! တီ! တီ!

ဉာဏ်တစ်ယောက် alarm သံကြားသည့်အခါ ပုံမှန်နေ့များ ကဲ့သို့ပင် အပျင်းကြော ဆန့်ရင်း အိပ်ရာမှ ထထိုင်လိုက်လေတော့သည်၊၊

* အ! .. ခေါင်းကိုက်လိုက်တာ! Shht! *

ထထခြင်းပင် ခေါင်းထဲ ထိုးကိုက်လာသည်မို့ ရှုပ်ပွနေသည့် ဆံပင်တွေကြားထဲ လက်ထိုးထည့်ကာ ဉာဏ် ညည်းညူမိလေတော့သည်၊၊ ထို့နောက်မှသာ မျက်လုံးကို အသာဖွင့်ကာ  ဉာဏ် ကိုယ့်ကိုကိုယ်ပြန်ငုံ့ကြည့်မိတော့သည်၊၊

Start From A CONTRACT Where stories live. Discover now