Part-24(Punishment )

20.6K 692 22
                                    

ဟူးး ~~

ဉာဏ် သက်ပြင်းလေးကိုအသာချကာ တောင့်တောင့်ကြီး ရပ်နေရာမှ Boss ရပ်နေရာ ကားနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်လေသည်။ ပြီးမှ Boss ရှေ့မှာ မဝံ့မရဲနဲ့ရပ်ကာ စကားစလိုက်လေသည်။

*ဟို... ဟို.. ဉာဏ် တို့ကို အာမခံပေးတာ Boss လားဟင်? *

Boss ဟာ ဉာဏ့် မေးခွန်းကို ဘာမှပြန်မဖြေပေ။ ဒီတိုင်း ဉာဏ့်ကို စိုက်သာကြည့်နေလေ သည်။ ပြီးမှ နောက်ကသူငယ်ချင်းများကိုမြင် သွားသည်ထင်၏။ ဉာဏ့်ကို ကျော်ကာ ကြည့်ပြီး ပြောလာလေသည်။

*ဟိုနောက်က သုံးယောက် ကိုယ့်အိမ်ကိုပြန်တော့! *

Boss ရဲ့အသံက လုံးဝတည်တည်ငြိမ်ငြိမ်ပင် ။ သို့သော်လည်း သူ ဒေါသထွက်မနေဘူးလို့မဆိုလို ။ Boss ကသူ့ရဲ့ emotion ကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့သူဖြစ်သည်။

ထို့နောက် ဟိုသုံးကောင်ကလည်း အေးစက်နေသည့် အခြေအနေကို သတိထားမိသည် ထင်ပါ၏။ Boss ကို အရိုအသေပေးကာ ကျေးဇူးတင်ကြောင်းပြောကြလေသည်။

ထို့နောက် ကယ်တင်ရှင်မလေး ကက်သရင်းကပင် သူ့အား ကာ ကာ ပြောပေးလာလေသည်။

*ဟိုလေ.. ဉာဏ့်ကို မဆူပါနဲ့နော် Boss။ သူက ကက်သရင်းတို့ အတင်းတိုက်လို့သောက်တာပါ ပြီးတော့ ရန်ဖြစ်တာကလဲ အခြားဘက်ကစတာပါ Boss *

ထိုအခါ သူရကလည်း ဝင်ထောက်ခံပေးလေသည်။

* ဟုတ်ပါတယ် Boss ။ ဒါ...ဒါဆို ကျွန်တော်တို့ သွားပါအုံးမယ်ဗျ.. *

Boss က ထိုနှစ်ယောက်၏ စကားအား ဘာမှ မတုန့်ပြန်ပေ။ ခေါင်းကိုအသာငြိမ့်ကာသာ အသိအမှတ်ပြုပေးလေသည်။

*ဟက်ရောင် ဉာဏ် ငါတို့ပြန်တော့မယ်နော် မနက်ရုံးကြမှ ဆုံကြတာပေါ့ *

ထို့နောက် မပြန်ခင်လည်း ဉာဏ့်အား နှုတ်ဆက်ကာ တစ်ချိုးတည်း ပြေးကြလေတော့သည်။

*အာ..အေးပါ။ see u guys *

ထို့နောက် သူတို့သုံးကောင်က ကက်သရင်းရဲ့ကားပေါ် တက်သွားကာ လက်ပြနှုတ်ဆက်သွားကြလေသည်။

သို့သော် ပြသာနာက ခုမှစလေသည်။ သူတို့ကသာ အေးဆေးပြန်သွာတာ ဉာဏ်က Boss နဲ့ ကွိုင်တက်ရအုံးမှာမို့ ရင်ထဲ သိပ်တော့ ပျော်မနေတော့ပေ။ ဟွန့်! ကောင်းကျိုးမပေးတဲ့ ဟာလေးတွေ..

Start From A CONTRACT Where stories live. Discover now