Part-3

16.1K 1K 6
                                    

ဦးထွဋ်ခေါင်တစ်ယောက် ရုံးခန်းထဲရောက်တာနှင့် တစ်ခါတည်း  ရုံးခန်းထဲရှိ ရေချိုးခန်းထဲသို့ဝင်ပြီးရေချိုးရတဲ့ ထိကိုဖြစ်သွားလေတော့သည်၊၊

* ဟူးး ဟိုအူကြောင်ကြားလေး လာရှုပ်တာနဲ့ ငါ့မှာ နောက်ကျနေပါတယ် ဆို အလုပ်ကပိုပြီ*

ရေကိုတတ်နိုင်သလောက် အမြန်ချိုးနေရင်းပင်
စိတ်ထဲကနေပဲ ကပျက်ကချော်နိုင်လှသည့် ကောင်လေးအကြောင်း  ရေရွတ်ကာ မြန်မြန်လတ်စသတ်ရတော့သည်၊၊ သူ့တစ်သက်မှာ ထိုကောင်လေးလောက် ရှက်တီးရှက်ပြာနိုင်သည့် သူအား မတွေ့ဖူးသေးပေ၊၊ သူကိုယ်တိုင်လဲ စေ့စပ် သေချာတာကိုသာ ကြိုက်သူမို့ သူ့ရှေ့မှာ ထိုသို့ ရှက်တီးရှက်ပြာ လာလုပ်လျှင် လုံးဝကို မကြိုက်ပေ၊၊

ခုဖြစ်သွားသည့် ကိစ္စမှာလဲ သူစိတ်တိုသည်ကတော့ အမှန်ပင်ဖြစ်သော်လည်း ထိုကောင်လေးအား သတိပေးခဲ့သည်ထပ်ပိုပြီး ဘာမှ ဆိုးဆိုးရွားရွား လုပ်ချင်စိတ်ရှိမနေခဲ့ပေ၊၊ ထိုအူတူတူ အကြည့်လေးများဟာ သူ့အား စိတ်ဆိုးရခက်စေခဲ့ပါသည်။  အလုပ်ကို ရှက်ပြာရှက်ပြာလုပ်တတ်သည့် လူများကို သူမုန်းသည်၊၊ သို့သော် ထိုကောင်လေး၏ ဤအကျင့်ဆိုးကိုတော့ မုန်းသောကြောင့် ပြင်ပေးချင်သည့် စိတ် ဖြစ်ပေါ်လာသည်မှာတော့ သူ့အတွက် ထူးခြားလှပေသည်၊၊

ရေချိုးပြီးနောက် ရုံးခန်း၌ အမြဲအပိုဆောင်ထားသည့်  နောက် suit တစ်စုံလဲ​ပြီးထွက်လာတော့
အတွင်းရေးမှူး ကောင်မလေးက Tablet တစ်လုံးနှင့် အသင့်စောင့်နေလေသည်။

ထို့ကြောင့် necktie အား သေချာ တပ်လိုက်ရင်း အလုပ်စားပွဲဆီသို့ လျှောက်သွားကာ ကျကျနန ဝင်ထိုင်လိုက်လေတော့သည်၊၊

* ဒီနေ့မနက်ပိုင်းအတွက် schedule ကိုအရင်ပြော*

*ဟုတ်ကဲ့ အခုကတော့ ဌာနတွေက ပို့လာတဲ့ ဝန်ထမ်းသစ် စာရင်းကို တစ်ချက်စစ်ပေးပြီး အတည်ပြု လက်မှတ်ထိုးပေးဖို့ပါ။ ဒါပြီးရင်တော့ မနက် ၁၀ နာရီမှာ အသစ်ထုတ်မဲ့ Grey Brand အတွက် ကြော်ငြာကိစ္စ meeting တက်ပေးရမှာပါရှင့်။ နေ့လည် ၁၁ နာရီ ခွဲဲကြရင် ဟိုတယ်လုပ်ငန်းမှာ ရှယ်ယာဝင်မဲ့ ဂျပန်လုပ်ငန်းရှင်တွေ နဲ့ နေ့လည်စာအတူစားဖို့ ရှိပါတယ်။ ဒါတွေကတော့ Boss ရဲ့ မနက်ပိုင်း schedule တွေပါရှင့်။*

Start From A CONTRACT Where stories live. Discover now