Part-23

10.7K 731 38
                                    

La la la lar ~~~~

*Wow ဒီလို ရိုးရိုး T-shirt လေးဝတ်ထားလည်း ငါလေးက သန့်ပြန့်နေဆဲပါပဲလား အယ်လယ့် *

ဉာဏ် တစ်ယောက် မှန်ရှေ့မှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ သီချင်းလေး ငြီးကာ ဆံပင်ကို သနေရင်းပင် ကိုယ့်ကိုကိုယ် အမွှန်းတင်ဖို့လည်းမမေ့ပေ။

ဒီညအဖို့တော့ ဉာဏ် ဝတ်နေကြအတိုင်းသာ  T-shirt အဖြူလေးကို အောက်က ဂျင်းဘောင်းဘီ အကျပ် အနက်ရောင်လေးနဲ့ တွဲဝတ်ထားလေသည်။ ပြီးရင် အပေါ်က ဂျာကင်အနက်ရောင်လေး ထပ်ကာ ဝတ်လိုက်လေသည်။

*Ok perfect! ! *

ထို့နောက် Boss ဆီကို report တင်ရန် ဖုန်းခေါ်နေရင်းပင် ဖုန်းကို ပါးနဲ့ ပုခုံးကြားညှပ်ထားကာ ဖိနပ်ကြိုးချည်နေလိုက်လေသည်။

*အွန်း baby သွားတော့မှာလား? *

*ဟုတ်တယ် Boss။ ဉာဏ်သွားတော့မှာ သူငယ်ချင်းတွေ တိုက်အောက်မှာစောင့်နေပြီ *

*အင်းပါ ကောင်းကောင်းသွားနော်။ ပြီးရင် ပြောထားတာတွေလဲ မမေ့နဲ့ အချိန်လဲတိကျပါစေနော် *

*အဟဲ စိတ်ချပါဗျ။ ဉာဏ် ကလိမ္မာပါတယ် *

*​ဟက် ~~ ကြည့်ရတာပေါ့ baby . ကဲ ကောင်းကောင်းပျော်ခဲ့တော့  *

*ဟုတ် *

ထို့နောက် ဉာဏ် ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ကာ တိုက်ခန်းကို သော့ခတ်လိုက်ပြီး သူငယ်ချင်းတွေ ရှိရာ အောက်ကို အပြေးလေးဆင်းသွားလိုက်လေသည်။

*Hey guys!! What's up ! *

* ဟက်ရောင် ဘာမှလေကြောလာရှည်မနေနဲ့ နောက်ကျနေပြီ အမြန်တက် *

အူမြူးနေသည့် သူ့အား သူရဟာ ကားထဲကနေ လှမ်းဟောက်လေတော့သည်။

*ဟီးး အေးပါကွ ငါအဝတ်ရွေးတာကြာသွားလို့ပါကွ *

* ဟဲ့ ရွေးမနေနဲ့ နင်ကဘယ်လောက်သသ ထွက်လာလဲ ဒီပုံပဲကို ...*

*အေးလေကွာ ဟား ဟား...*

ထိုသုံးကောင်လုံးက ဉာဏ့် ပုံစံကိုကြည့်ကာ  အတိုင်အဖောက်ညီညီ ခွီနေကြလေသည်။ ဟွန့်! ကိုယ်တွေက Boss  ဝယ်ပေးထားတဲ့ branded တွေများထုတ်ဝတ်လိုက်ရင် ဒင်းတို့ မှိန်သွားမှာဆိုးလို့ စေတနာနဲ့ ရှိတာလေး ဝတ်လာပေးတာကို လာခွီနေတယ်။ တွေ့မယ် ဒင်းတို့....

Start From A CONTRACT Where stories live. Discover now