Part-2

19.5K 1K 9
                                    

ဉာဏ် တစ်ယောက် ဂယက်ပေါင်းတစ်သိန်းအား ကြုံခဲ့ပြီးသည့်နောက်မှာတော့ company ထဲသို့ရောက်လာလေတော့သည်၊၊ သို့သော် Company ထဲသို့ ရောက်ပြန်တော့လဲ အလုပ် လုပ်ရမည့် ဌာနဟာ လေး လွှာမှာမို့ တစ်ဖန် ဓာတ်လှေကားစောင့်ရပြန်သည်၊၊
ရုံးတက်ချိန်ဆိုတော့ ဓာတ်လှေကားဟာ လူကလဲအတော်များပြီး အတင်းတိုးဝှေ့ပြီး စီးရလေတော့သည်၊၊

အလုပ်လုပ်ရမဲ့ လေးလွှာ၌ ဓာတ်လှေကားတံခါးပွင့်တာနှင့်  တော်သေးသည်က တံခါးအပြင်ဘက်၌မှာ ဉာဏ့်၏ သူငယ်ချင်းဖြစ်သူဟာ အဆင်သင့် လာစောင့်ပေးလေသည်၊၊

* ဟက်ရောင် မင်းနောက်ကျလိုက်တာကွာ ဒီမှာ ဌာနမှူးက နဂိုထဲကမှ ဇီဇာကြောင်ရတဲ့အထဲ! *

* အေးကွာ! ငါညက ဘောလုံးပွဲ ကြည့်ရင်း ညဥ့်နက်သွား လို့ကွ*

* မင်းကတော့ ဖြစ်ရမယ်...  လာ!လာ! မြန်မြန် ဌာနမှူးနဲ့လိုက်တွေ့ *

* အေး *

ဒါနဲ့ပဲ ဥာဏ်လဲ သူငယ်ချင်းဖြစ်သူနှင့်အတူ အလုပ်လုပ်ရမည့် ဌာန ထဲသို့ဝင်လာလိုက်တော့သည်၊၊

ဌာနထဲသို့ ထဲရောက်သည့်အခါမှာလဲ သူ့အား အလုပ်သင် ဖြစ်လျက်သားနှင့် နောက်ကျမှ ရောက်လာတာမို့ သူ့အား အကြည့်တွေနှင့် အကဲခတ်နေကြသည့် စီနီယာများ၏ အကြည့်ကြား ဥာဏ့်မှာ ခပ်ကုပ်ကုပ်လေးသာ နေရတော့သည်၊၊ သို့သော် ရုံးခန်း၏ အပြင်အဆင်အား တွေ့လိုက်ရသည့် အခါမှာတော့  ဥာဏ် အံ့အား သင့်လွန်းတာမို့ စိတ်ထဲကနေ တစ်ယောက်ထဲ စကားတွေ စတင်ပြောမိလေတော့သည်၊၊

"Wow တကယ်ကြားထားတဲ့တိုင်းပဲ RAINBOW က အချဥ်မဟုတ်ဘူးပဲ၊၊ ရုံးခန်းကလဲ အကျယ်ကြီးပဲ။ ပြီးတော့ ကိုယ်ပိုင်စားပွဲတစ်ယောက်တစ်ခုနဲ့ computer ကလဲ တစ်ယောက်တစ်လုံး၊အိုး! နားနေခန်းလေးလဲရှိသေးတာပဲ၊၊ "

ဥာဏ်တို့ ဌာန၏ ဌာနမှူးရုံးခန်းဟာလဲ မှန်နဲ့သာပြုလုပ်ထားပြီး လွန်စွာမှ ခေတ်မှီကာ အထက်တန်းကျလွန်းသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်ပေသည်၊၊  ဘေးကပ်ရပ်၌တော့ meeting ခန်းဟု ထင်ရသည့် အခန်းတစ်ခု ရှိပေသည်၊၊

ဥာဏ် ဟိုဟို ဒီဒီ မျက်စိလျှောက်ကစားရင်းနှင့်ပဲ ဌာနမှူး၏ ရုံးခန်းရှေ့၌ ရပ်သွားလေတော့သည်၊၊ ထိုအခါ   သူငယ်ချင်းဖြစ်သူဟာ ဌာနမှူးရုံးခန်း၏ တံခါးအား သုံးချက်ခန့်ခေါက် လိုက်လေသည်၊၊ 

Start From A CONTRACT Where stories live. Discover now