ရုံး canteen တွင်ဖြစ်သည်။
ဉာဏ်တစ်ယောက် ထမင်းသာ စားနေတာ စိတ်တွေက လူနဲ့တခြားစီသာ။ ဒီနေ့မနက် ရုံးရောက်ထဲက Boss ရဲ့အရိပ်အယောင်တောင် မတွေ့ရသေး။ အဲ့လိုပဲ ဉာဏ့်ဆီကိုလဲ စာလဲမလာသလို ဖုန်းလဲတစ်ခါမှမခေါ်ပါ။
ခုဆို ဉာဏ် Boss နဲ့မတွေ့ရတာ တစ်ညနဲ့တစ်မနက်ခင်းတောင် ရှိနေပြီဖြစ်သည်။
*ဟူး... *
* ဟဲ့ ဟဲ့ အသာ သက်ပျင်းချပါဟဲ့ ဒီနားကလူတွေပါ လွင့်ထွက်သွားပါအုံးမယ် *
ဘေးမှာထိုင် နေသည့် ကက်သရင်းပင် ဉာဏ့် ကို ပြောလာရသည် အထိပင်။
*အပူတွေ အပူတွေ... ကိုယ့်အပူကိုယ်ရှာနေရတဲ့ ဘဝပါလား *
ကက်သရင်းရဲ့ ခပ်စွာသွာ သတိပေးသံအဆုံး ဘယ်ကတည်းက နှပ်ချင်နေလဲမသိ။ သူရဆိုတဲ့ ကောင်ကပါ ဉာဏ့်ကို လာရွဲ့နေလေသည်။
*မင်းလို စောင် FA ကောင်တွေနားမလည်နိုင်တဲ့ ခံစားမှုပါကွာ အသာနေစမ်းပါ *
*blah..blah...*
ဉာဏ်က သူကို ပြန်ရွဲ့လိုက်တော့ သူရက ကလေးဆန်စွာ မျက်နှာကိုမဲ့ကာ ရွဲ့ကာနဲ့ ပြောင်ပြလေသည်။
* အဟမ်း... ဉာဏ် နင့်ကြည့်ရတာလဲ မနက်ထဲက စိတ်မချမ်းသာတာ။ ပြောစမ်းပါအုံး Boss နဲ့ ပြသာနာက ဘယ်လောက်ကြီးလို့တုန်း *
ကက်သရင်းက ဇွန်းနဲ့ခက်ရင်းကို ပန်းကန်ပေါ်မှောက်ကာ ချထားလိုက်ပြီး လက်နှစ်ဖက်ကို ခုံပေါ်ထောက်တင်ကာ ဉာဏ့်အာ း အလေးအနက်ထားပြီး မေးလေသည်။
* အေ့လေကွာ Boss က ကလေးဆန်ဆန် ရန်ဖြစ်မဲ့သူလဲ မဟုတ်ဘဲနဲ့ ။ ခုကကော ဘာကိစ္စဖြစ်ကြလို့လဲ?*
ထိုအခါ ဘေးမှာ ဆက်တိုက် တိတ်ဆိတ်နေသည့် ရဲရင့်ကပါ မေးလာလေတော့သည်။
*ပြောရရင်တော့ရှည်တယ်ကွာ ။
ငါမနေ့ညက သူနဲ့ ပွဲတစ်ခုလိုက်သွားတာကွာ အဲ့မှာ သူက လုပ်ငန်းရှင်တွေနဲ့ စကားပြောမယ်ဆိုပြီး ငါ့ကိုဘယ်မှမသွားဖို့ သေချာမှာထားခဲ့တာ ။ အစကငါလည်း သူမှာတဲ့အတိုင်းနေမလို့ပါ၊ ဒါပေမယ့် ငါနဲ့ သိပ်အဆင်မပြေတဲ့ Simon ဆိုတဲ့တစ်ယောက်က လာပြီး ဇယားလာရှုပ်နေလို့ ငါလည်း ကျင်းကျပ်လို့ ခဏလေညင်း ထွက်ခံတာကွာ။
အဲ့မှာ ဘယ်ကမှန်းမသိတဲ့ ကောင်က ငါ့ကိုဇာတ်လမ်းဆင်ပြီး အိမ်သာမှာ ခွေးကျင့်ခွေးကြံ ကြံမလို့ကို Boss က အချိန်မှီလာပြီး ငါ့ကိုကယ်ပေးတယ်လေ။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC
