ပုံမှန်နှင့်မတူပဲ မိုးဖွဲဖွဲကျနေသော နံနက်ခင်းတစ်ခု...
စောင်ပုံလေးထဲ ကွေးပြီးဇိမ်ခံချင်ပေမယ့် တာဝန်ကို မလစ်မဟင်းထမ်းဆောင်တတ်သော alarm ဆီ မှ နှိုးဆက် မြည်သံနှင့်အတူ ဉာဏ် တစ်ယောက် နိုးထလာရေတာ့သည်။
နိုးနိုးခြင်း အပျင်းကြောဆန့်ကာ မျက်မှုန်စုံဝါးနှင့် မှန်ပြတင်းပေါက်ကို လှမ်းကြည့်လိုက် လေတော့ မိုးစက်လေးများဟာ အလုအရက်နှင့် မှန်တစ်လျှောက် တွဲခိုနေကြလေသည်။
မိုးဖွဲဖွဲလေးရွာနေသည့် မနက်ခင်းတိုင်းဟာ ငေးကြည့်ဖို့ ကောင်းလှသော်လည်း အလုပ်သွားရဦးမည်မို့ ဉာဏ့်မှာ အကြာကြီး ငေးနေဖို့ အချိန်မရှိပေ။ ထို့ကြောင့် ဉာဏ် အိပ်ရာပေါ်မှ ထကာ ရေချိုးခန်းထဲဝင်ပြီး နေ့စဥ်လုပ်နေကြသကဲ့သို့ပင် အစီအရီလုပ်ဆောင်ပြင်ဆင် လိုက်လေသည်။
အားလုံးပြင်ဆင်ပြီး နာရီကြည့်လေတော့ ရိုးရာမပြတ် နောက်ကျနေလေပြီဖြစ်ကာ coffee ပင်မသောက်နိုင်ပဲ ဉာဏ်တစ်ယောက် Bus stop ကို သွက်သွက်လက်လက်သာ သွားလိုက်လေသည်။ မိုးရသီ၏ မနက်ခင်းများ၌ ရုန်းကန်ရသည်မှာ တကယ်ပင် မလွယ်လှပေ။
🚃🚃🚃
ရုံးရောက်သည့်အခါ မဖြစ်မနေ coffee လေးတစ်ခွက် သောက်မှ ဖြစ်မည်မို့ ဉာဏ် နားနေခန်းထဲကိုသာ တန်းသွားလိုက်လေ သည်။ နားနေခန်းထဲရောက်သည့်အခါ မထင်မှတ်ထားစွာပင် ဟိုသုံးကောင်လုံး စုကာ ထိုင်နေသည်ကိုတွေ့လိုက်ရလေတော့သည်။
*အော် ဉာဏ် နင်ရောက်ပြီလား၊ လာခဲ့ ဒီမှာငါ မနက်စာဝယ်ခဲ့တယ် လာစားချည်*
စားချင်စရာ ပေါင်မုန့်မွှေးမွှေးလေးတွေနှင့် ကော်ဖီနံ့သင်းသင်းလေးတွေကြောင့် ဉာဏ့်၏ ခေါင်းပင် ချက်ချင်း ကြည်လင်သွားလေတော့သည်။
*ဟား အတော်ပဲဟ ငါနောက်ကျနေလို့ ဘာမှမစားခဲ့ရဘူး ဟီးဟီး*
ပျော်ရွှင်စွာပင် ဉာဏ် လွတ်နေသည့် ခုံကို ဆွဲယူကာ ဝင်ထိုင်ပြီး စားပွဲပေါ်က ကော်ဖီတစ်ခွက်နဲ့ မုန့်ကို ယူကာ စားလိုက်တော့သည်။
*ဟက်ရောင် မင်း sunday တုန်းက
ဂျူဂျူပွဲ(Juventus FC.) ကြည့်လိုက်သေးလား*
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC