Part-19

13.5K 742 31
                                    

အနည်းငယ်ကျိန်းစပ် နေတဲ့ မျက်လုံးတွေကို ဉာဏ် ကြိုးစားကာ ဖွင့်လိုက်တော့ အလင်းရောင်မရှိသေးသော အခန်းအနေအထားကြောင့် ဉာဏ် များ စောနိုးနေသလားဟု ထင်မိပြီး ကုတင်ဘေး စားပွဲပေါ်က နာရီလေးကို လှမ်းကြည့်မိသည်။

7am ကို ညွှန်ပြနေတာမို့ ဉာဏ့် အထင်မှားနေမှန်း နာရီလေးက ပြသနေလေသည်။ ကြည့်ရတာ Boss တစ်ယောက် ဉာဏ် အိပ်တဲ့အခါ လင်းနေမှာဆိုးလို့ လိုက်ကာတွေ မဖွင့်သွားဘူးထင် ၏။

*အာ. အ. Sh*t သေပါပြီ!*

နဂိုထဲက စိတ်မြန်လက်မြန်နဲ့လူဆိုတော့ အိပ်ရာပေါ်ကနေ ငေါက်ကနဲ ထထိုင်လိုက်လေတော့ ညက ကြမ်းထားသမျှတွေဟာ ဉာဏ့်ကို ကောင်းကောင်းကြီး ဒုက္ခပေး နေလေပြီ။

ထို့နောက် အားတင်းကာ အိပ်ရာကထဖို့ စောင်ကိုဖယ်လိုက်ပြန်တော့လည်း  ဉာဏ့် ကိုယ်မှာ boxer လေးတစ်ထည်တောင် ကပ်မနေသည်ကိုတွေ့ရလေ သည်။

"ဟူးးးး ညက တစ်ညလုံး ဒီလိုကိုယ်လုံးကျွတ်ကြီးနဲ့ Boss နနဲ့အတူဘယ်လိုများအိပ်ခဲ့တာပါလိမ့်? "

ဉာဏ် တွေးနေရင်းနဲ့ ကြက်သီးထလာတာမို့ ခေါင်းကိုသာ ခပ်ပြင်းပြင်းခါလိုက်ကာ အတွေးတွေကို ရှင်းထုတ်ပစ်လိုက် လေသည်။ နှစ်ယောက်သားလုံးဟာ ခန္ဓာကိုယ်အချင်းချင်း မတွေ့ဖူးတဲ့နေရာမရှိသော်လည်း ဒီလို သာမန်အချိန် ပြန်စဉ်းစားမိလျှင် ဉာဏ့်မှာ ရှက်ကိုးရှက်ကန်းဖြစ်ရစမြဲပင်။

ပြီးမှသာ အာရုံပြောင်းပြီး နာကျင်နေတဲ့ အနောက်ပိုင်းကို လျစ်လျူရှုကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်တော့သည်။

~~~~~~~~~~~~~~

*OMG!  Sh*t! !  ညက ငါဘယ်လိုတွေတောင် ထန်နေလို့ ဒီလိုဟာတွေကို သတိမထားမိခဲ့ပါလိမ့် *

ရေချိုးခန်းထဲရှိ  မှန်ကြီးပေါ်မှာ ပေါ်နေတဲ့ ဉာဏ့် ခန္ဓာကိုယ်ပေါ်ရှိ ကိုက်ရာတွေဟာ ဉာဏ့်ကိုပင် ပါးစပ်အဟောင်းသားလေး ဖြစ်စေပါသည်။ ညက Boss တစ်ယောက် ဉာဏ့်အား ကိုက်ကာ အမှတ်အသား ပေးနေသည်ကိုသိသော်လည်း ဒီလောက်ကြီး များလိမ့်မယ် မထင်မိခဲ့ပါ။

ထို့နောက် စိတ်ပျက်လက်ပျက်နဲ့ပင် အိမ်သာမှာ ထိုင်ချလိုက်တဲ့ အခါမှာတော့ တကယ့် အကြီးမားဆုံး ပြသာနာ ကြီးက ဉာဏ့်ကို ဒုက္ခပေးလေတော့သည်။

Start From A CONTRACT Where stories live. Discover now