မိနစ်အတော်ကြာ မောင်းနှင်လာပြီးသည့် နောက်မှာတော့ ဉာဏ်နှင့် Boss စီးနင်းလိုက်ပါလာသည့် ကားလေးဟာ မြို့လည်ခေါင်ရှိ ဒိတ်ဒိတ်ကြဲများသာ နေထိုင်သည့် ရပ်ကွက်ဟု လူသိများလှသည့် ရပ်ကွင်ထဲသို့ ကားလေးဟာ ချိုးကွေ့ကာ ဝင်ရောက်လာလေတော့သည်။ ထို့နောက် ထိုကားလေးဟာ လူ နှစ်ရပ်ခွဲစာလောက် မြင့်သည့် သံတံခါး အမဲရောင်ကြီးရှေ့၌ ရပ်တန့်သွားလေတော့သည်။
Driver ဦးလေးကြီးမှ ဟွန်းတစ်ချက် တီးလိုက်တာနှင့် ထိုတံခါးကြီးဟာ ချက်ချင်းပင် အလိုအလျောက် ပွင့်လာလေတော့သည်။ထို့နောက် ထိုတံခါးကြီးမှ ခြံဝင်းထဲသို့ ကားဝင်သွားတာနှင့် လင်းထိန်နေသည့် ခြံဝန်းကြီးဟာ စောင့်ကြိုနေလေသည်။ ဉာဏ့်အတွက်တော့ ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးခဲ့သည့် ကြီးမားလှသည့် ခြံဝန်း ကြီးအား တွေ့လိုက်ရသည့်အခါ အကြည့်မလွှဲနိုင်အာင် လိုက်ကြည့်နေမိလေသည်။ ခြံထဲကားဝင်လာသည့်တိုင် အိမ်ကြီး၏ lobby အောက်သို့ ကားဆိုက်ရောက်ရန် နှစ်မိနစ်ခန့် ထိုပတ်လမ်းကြီးများအား မောင်းနှင်ခဲ့ရသေးသည်။
သူတို့ စီးလာသည့်ကား Lobby အောက်သို့ ရောက်တာနှင့် ချက်ချင်းပင် ကားတံခါးကို လာဖွင့်ပေးသည့် ဝတ်စုံ အနက်နှင့် လူနှစ်ယောက်အား ဉာဏ် အားတုံ့အားနာနှင့်သာ ကြည့်ကာ ခေါင်းငုံ့ရင်း အရိုအသေပေးလိုက်လေသည်။ ထိုအခါ Boss ဟာ သူ့အား တစ်ချက် ကြည့်လာလေသည်။ ဉာဏ်သူ့အနေနှင့် ဘာအမှား လုပ်မိလဲ မသိသော်လည်း Boss ၏ အကြည့်များဟာ သူ့အား သတိပေးနေသလိုပင်။ ထို့ကြောင့် ဉာဏ့်၏ ဇာတ်ကလေးဟာ ပုဝင်သွားလေတော့သည်။
*ဝင်လာခဲ့ ကောင်လေး *
ထို့နောက် Boss ဟာ သူ့အရှေ့ကနေ အရင် ဦးဆောင်ကာ အိမ်ကြီးထဲသို့ ဝင်သွားလေတော့ ဉာဏ်လဲ Boss နောက်ကနေပဲ ဟိုကြည့် ဒီကြည့်နှင့် လိုက်သွားရလေတော့သည်။ သူအခုနေ ဤစံအိမ်ကြီးထဲအထိ ခြေချနေသော်လည်း သူ့၏ စိတ်ထဲမှာတော့ ဤအရာအား အိပ်မက်လားဟုပင် ထင်ယောင်ထင်မှား ဖြစ်နေဆဲ ဖြစ်ပေသည်။
ဉာဏ်အိမ်ထဲသို့ ခြေလှမ်းသုံလှမ်းလောက် ဝင်သွားလိုက်တာနှင့် စတင်မြင်ရသည့် အိမ်တွင်း အပြင်အဆင်များကြောင့် ခေတ္တ ပါးစပ်ကလေး အဟောင်းသားနှင့် ဖြစ်သွားလေတော့သည်။ မြင့်မားလှသည့် အိမ်ကြီး၏ မျက်နှာကျက်ဟာ မော့ကြည့်သူကိုပင် လည်ပင်းညောင်းစေလောက်ပါသည်။ ထိုမြင့်မားလှသည့် မျက်နှာကျက်ထက်၌ တပ်ဆင်ထားသည့် ကြီးမား ခန့်ထည်ကာ အနုလက်ရာစိပ်သည့် မီးဆိုင်းကြီးများဟာလဲ ဉာဏ့်အား နန်းတော်တစ်ခုထဲရောက်နေသလို ခံစားရစေပါသည်။ ထို့အပြင် တန်ဖိုးကြီး ပန်းချီများနှင့် ပန်းအိုးရှာ်များနှင့် အိမ်တွင်းပိုင်းအား ခန့်ထည်စေပြီး ကြီးမားလှသည့် ဧည့်ခန်းကြီးဟာလဲ သာမန်လူများကိုဆိုလျှင် ရှိန်သွားစေနိုင်ပါသည်။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC