🎶Sunday morning, rain is falling
Steal some covers,share some skin...🎶🎶🎶အသံလုံသည့် မှန်များအပြည့် ကာထားသော Gym ခန်းထဲ၌ စည်းချက်မှန်မှန်ပင် သီချင်းသံဟာ ထွက်ပေါ်နေလေသည်။
ဦးထွဋ်ခေါင်တစ်ယောက် ပြေးစက်ပေါ်ပြေးနေရင်းပင် အပြင်ဘက်ကိုလှမ်း ကြည့်လိုက်လေတော့ အပြင်ဘက်၌ မိုးစက်ကလေးတွေ တဖွားဖွားကျဆင်းလို့ နေလေသည်။
ဒီလိုမိုးလေးတစ်ဖွဲဖွဲကျနေတဲ့ ချမ်းစိမ့်စိမ့် ရာသီဥတုနဲ့ မနက်ခင်းကို သူသဘောကျပေသည်။Gym ဆော့ပြီးတာနဲ့ ဦးထွဋ်ခေါင် စံအိမ်ဘက် နဲ့ ဆက်ထားသည့် စင်္ကြံကနေပဲ စံအိမ်ဘက်သို့ ကူးလာလိုက်သည်။ သူစံအိမ် ရောက်တာနှင့် ပထမဆုံး ထမင်းစားခန်းထဲကို တန်းဝင်လာလိုက်လေသည်။ ထို့နောက်
စားပွဲပေါ်တွင် အသင့်ပြင်ထားထားသော coffee ခွက်ကို ယူကာ ပြန်ထွက်လာလိုက်လေသည်၊၊ သူထမင်းစားခန်းထဲမှာ ထိုင်ကာ မနက်စာ မစားချင်ပါ။ဆယ်ယောက်ထပ်မနည်း ထိုင်လို့ရသည့် စားပွဲခုံကြီး၏ ထိပ်ဆုံးမှာ မိန့်မိန့်ကြီးထိုင်ပြီး စားမဲ့သူဟာ သူတစ်ယောက်ထဲ သာရှိပေသည်။လူတိုင်း အားကျရသည့် RAINBOW Group ၏ ပဲ့ကိုင်ရှင်သူ့မှာ အခြားသူတွေထပ် ပိုသည့် အာဏာများ၊ စည်းစိမ်များ ရှိနေသော်လည်း အခြားသူတွေအတွက် ရိုးရှင်းလှစွာ ရှိနေသည့် သာမန် မိသားစုဘဝဟာ သူ့မှာ မရှိနေခဲ့ပေ၊၊
သူဆယ်ကျော်သက်အရွယ်ကပင် ဆုံးပါးသွားသည့် မိဘနှစ်ပါးကြောင့် လူငယ်တစ်ယောက်၏ လွတ်လပ်သည့် ငယ်ဘဝကို ခံစားချိန်ပင် မရှိလိုက်ပဲ မိဘများ၏ အမွေများအား တာဝန်ယူဖို့ ဖြစ်လာလေတော့သည်၊၊ အခြား လူငယ်များလို လူငယ်ဘဝကို မဖြတ်သန်းခဲ့ရတာမို့ သူငယ်ချင်းအပေါင်းအသင်းဆိုတာလဲ စီးပွားရေး အသိုင်းအဝိုင်းထဲက သိကျွမ်းထင်မင်ခဲ့သူ များသာ ရှိပေသည်၊
ထို့အပြင် သူ၏ ပိုင်ဆိုင်ကြွယ်ဝမှုနှင့် Company ၏ ပုံရိပ်ကြောင့် တည်ငြိမ်သည့် ဆက်ဆံရေးတစ်ခုကိုလဲ မတည်ဆောက်နိုင်ခဲ့ပေ၊၊ အများစုဟာ သူ့အနားသို့ ကပ်လာတိုင်း ရည်ရွယ်ချက်ဟူသည့် အရာကို ကိုင်ဆောင်လာကြသောကြောင့် ဖြစ်ပေသည်၊၊ ထို့ကြောင့် သူ၏ တစ်ခုတည်းသော စိတ်ဖြေစရာဘက်ခြမ်းအတွက် စာချုပ်အရသာပတ်သက်ဖြစ်ခဲ့သည့် သူ့ရဲ့ relationship တွေကလည်း ခဏတာသာ သူ့အတွက် အဖော်ရစေသည်။တကယ်တမ်း သူ့လို ပြည့်စုံနေတဲ့ ယောကျ်ားတစ်ယောက်မှာ ထမင်းစားဖို့တောင်အဖော်မရှိတာ လူတွေသိရင် ဘယ်လောက်တောင်များ အံသြနေလိမ့်မလဲ။
YOU ARE READING
Start From A CONTRACT
Romanceသဘောတူညီမှုတွေ တွေ rules တွေကြားကတည်ဆောက်ထားတဲ့ relationship တစ်ခု... #BDSM #OC