Part-12

15.2K 843 30
                                    


တီ တီ တီ..

မနက်ခင်းရဲ့ သာယာလှတဲ့ ငှက်တို့ရဲ့ တေးသံသာလေးများနဲ့ အတူ သာယာမှုတစ်စက်မှမရှိသော နှိုးစက်သံကတော့ အိပ်ရာ ပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကောင်လေးကို ကောင်းစွာသတိပေးနေပြီဖြစ်သည်။

*အွန်း....*

ဉာဏ် တစ်ယောက် ဆိုးရွားလှသည့် alarm သံကြောင့် ပေကပ်ပြီး ဆက်အိပ်လို့မရတော့ပေ။ ထို့ကြောင့် မထချင်ထချင်နှင့်  အပျင်းကြောဆန့်ပြီး အိပ်ရာပေါ်မှာ ထထိုင်လိုက်လေသည်။ ထို့နောက် ခုံပေါ်မှာ အဆက်မပြတ်မြည်နေသော ဖုန်းကို ဆွဲယူလိုက်ကာ alarm ကိုပိတ်လိုက်လေသည်။

ထို့နောက် နေ့စဉ်လုပ်ဆောင်နေကြအတိုင်း အိပ်ရာမှ ထကာ ရေချိုးခန်းသို့သွားမည် အလုပ် ရုတ်တရက် ခေါင်းထဲဝင်လာသည့် အသိတစ်ခုကြောင့် အလန့်တကြား ပစ်ချထားသည့် ဖုန်းအား ကောက်ယူရလေတော့သည်။

*ဟိုက် ဟုတ်သား Boss ကို message ပို့ရအုံးမှာပဲ *

ထို့နောက် ဖုန်းထဲမှ မနေ့ညကမှ အသစ်စက်စက်မှတ်ထားသော Boss ဟူသည့် contact အား message တစ်စောင်လှမ်းကာ ပို့လိုက်လေသည်။

*Good Morning, Boss  *

Message ပို့ပြီးတာနှင့် ဉာဏ် ဖုန်းကို အိပ်ရာပေါ် ပြန်ပစ်ချကာ ရေချိုးခန်းထဲဝင်ကာ နေ့စဥ်လုပ်နေကြများကိုသာ ဆက်လုပ်ဆောင်နေလိုက်သည်။

ဒူ~ ဒူ~ ဒူ~

ဦးထွဋ်ခေါင် gym ခန်းမှ တစ်ဆင့် စံအိမ်ဘက်သို့ပြန်ရာ စင်္ကြန်လမ်းတွင် အိပ်ကပ်ထဲမှ message သံကြားသဖြင့် ဖွင့်ကာကြည့်လိုက်လေသည်။

*Good Morning, Boss*

ူသော ရိုးရှင်းသော message လေးပင်ဖြစ်သည်။

ရိုးရှင်းလှသည့် message လေးပင် ဖြစ်သော်လည်း သူ၏ ပိုင်ဆိုင်မှုအား ပြနေသည့် တစ်စုံတစ်ယောက်ထံမှ ဖြစ်တာမို့ ဦးထွဋ်ခေါင်တစ်ချက်ပြုံးလိုက်ကာ စံအိမ်ထဲဝင်လာခဲ့လေသည်။ ထို့နောက် ထမင်းစားစားပွဲ တွင် အသင့်ရှိနေသော coffee ခွက်လေးကိုယူကာ အပေါ်ထပ်ရှိ မိမိအခန်းသို့သာ ဦးတည်သွားလိုက်လေသည်။

Start From A CONTRACT Where stories live. Discover now