(Unicode)
"ကျစ်.....ကားကလည်း အခုထိ ဒီနေရာကနေ မရွေ့နိုင်သေးဘူး၊ အချိန်မီ ယတြာချေရမှဖြစ်မှာကို"
မြတ်မင်းခန့်တစ်ယောက် စိတ်ညစ်စွာနဲ့ ညည်းတွားရင်းအတွေးနယ်ချဲ့မိပြန်သည်။ တကယ်တော့ သူ့လိုခေတ်ပညာတတ် ယောကျာ်းလေးတစ်ယောက်အနေနဲ့ ယတြာချေဖို့အထိ ဒီလိုဖြစ်နေရတယ် ဆိုသည်မှာလည်း လွန်ခဲ့တဲ့တစ်နှစ်ကျော်က တစ်ခါမျှသာဆုံခဲ့သော လူတစ်ယောက်ကို ပြန်ရှာရန်အတွက်ဆို ဘယ်သူယုံမှာလဲ။ လစဉ်လတိုင်း အမြဲမပြတ်ယတြာချေခဲ့သည်မှာ သူ့ကိုတွေ့ပြီးနှစ်လအကြာတည်းကအခုထိ။ သူငယ်ချင်းဖြစ်သူကိုပြောပြတော့လည်း 'မင်းစိတ်ချမ်းသာသလိုသာ လုပ်ပါကွာ ၊ အချိန်တန်ရင်တော့ပြန်ရှာတွေ့မှာပါ' ဟုအားပေးရှာသည်။
"တီ..တီ"
နောက်ကကား ဟွန်းတီးမှသာ မီးပွိုင့်ပြန်စိမ်းနေမှန်း သတိရတော့သည်။ သူဆိုသည်မှာ ပျောက်သောသူလေးနဲ့ပတ်သတ်လာရင် အရာရာကို မေ့တတ်လွန်းသည်။ လက်မှနာရီကို ငုံ့ကြည့်မိတော့ ၁၀နာရီ၁၅ရှိနေပြီ။ အချိန်မီပါ့မလား။ မြန်မြန်မောင်းမှ။
......................................................................
ညဥ့်ဦးတို့ဘုရားရောက်တော့ တောင်ဘက်မုဒ်ကနေသာ တက်ဖြစ်ခဲ့ကြသည်။ ထုံးစံအတိုင်း ရဲရင့်တို့အတွဲကတော့ရှေ့က။ တေးသံက သူနဲ့စစ်ရှိုင်းမာန်အလယ်မှာ သုံးယောက်တစ်တွဲ သွားနေကျအတိုင်း။ စစ်ရှိုင်းမာန်ကို သူ့စိတ်ထဲမှာ တေးသံနဲ့ ကြိတ်သဘောတူနေတာကိုတော့ ဘယ်သူမှရိပ်မိပုံမပေါ်။ ကိုယ့်ညီမကိုတခြားမသင့်တော်တဲ့ လူတွေနဲ့ဖြစ်သွားမယ့်အစား ကိုယ့်သူငယ်ချင်းအရင်းကြီးကိုပဲ ယောက်ဖဖြစ်စေချင်တဲ့ သူ့စိတ်ကူးလေးကိုတော့ တစ်ချိန်အကောင်အထည်ဖော်ရမှာ အသေအချာပင်။ လောလောဆယ်တော့ အတွဲဟုအထင်ခံနေရသည်မှာသူနဲ့စစ်ရှိုင်းမာန်ဖြစ်၏။
ဘယ်လောက်အထိတောင် အထင်ခံရလဲဆိုလျှင် တစ်ခါတလေ ကျောင်းကmail boxမှာတောင်မှ သူနဲ့ရှိုင်းမာန်နဲ့နှစ်ယောက်တည်း ရိုက်ထားတဲ့ပုံတွေနဲ့ တွဲနေကြတာလားဘာညာဆိုတဲ့ mailတွေကို မကြာခဏတွေ့နေကျ။ပထမတော့စိတ်ဆိုးပေမယ့်လည်း နောက်ပိုင်းကျ ပြောချင်ရာပြောကြပါစေ တကယ်လည်းဟုတ်တာမဟုတ်ဘဲနဲ့ဆိုပြီး ငြိမ်နေပေးလိုက်သည်သာ။
BẠN ĐANG ĐỌC
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)