(Unicode)
အိမ်ထဲသို့ ကားကို တရကြမ်းမောင်းဝင်လာသောကြောင့် ခြံတံခါးလာဖွင့်ပေးတဲ့ ဦးရိုးအတောင်မှ အံ့ဩခြင်းကြီးစွာဖြင့် ကြောင်တောင်တောင်ဖြစ်နေလေသည်။ ညဉ့်ဦး ဒီလိုမျိုး တစ်ခါမှ ကားမောင်းမကြမ်းဖူးပါ။ ထို့အပြင် ဒေါ်စိုးမဟာမြိုင်ကိုကြောက်ရသောကြောင့် ဘယ်သူမှ ဒီလိုမလုပ်ရဲပါ။
ညဉ့်ဦးရဲ့မျက်နှာမှာလည်း ဒေါသများနှင့်နီရဲနေပြီး ဘာကိုမှ မျက်လုံးထဲမမြင်တော့သည့်ပုံစံ ဖြစ်နေသည်။ကားရပ်ပြီးတာနဲ့ ချက်ချင်းတန်းသွားသည်က အဘွားဖြစ်သူ၏စာကြည့်ခန်းဆီသို့။ ဒီအချိန်ဆို သူ့အဘွားက ဘယ်သူနဲ့မှအတွေ့မခံဘဲ သူ့စာကြည့်ခန်းထဲတွင်သာ စာဖတ်လေ့ရှိသောကြောင့်ဖြစ်သည်။
*ဝုန်း*
ညဉ့်ဦးစာကြည့်ခန်းတံခါးကို ကြမ်းတမ်းစွာ ဖွင့်လိုက်သောကြောင့် ဒေါ်စိုးမဟာမြိုင် စာဖတ်နေရာမှ ခေါင်းထောင်လာကာ အခန်းဝသို့စိုက်ကြည့်လာသည်။
"ဒါကဘာလုပ်တာလဲ၊ ဘွားအေ စာဖတ်နေတာ နားမလည်ဘူးလား"
"အဲ့တာဆို ဘွားဘွားကရော ကျွန်တော့်ကိုဖုံးထားတဲ့ ကိစ္စက မဖြစ်သင့်ဘူးဆိုတာ နားမလည်ဘူးလား"
"ဪ...လတ်စသတ်တော့ စေ့စပ်ပွဲအကြောင်းသိလာပြီပေါ့၊ ဘယ်သူက အာချောင်လိုက်တာလဲ၊ ငါ့အစီအစဉ်တွေ အဆင်ပြေခါနီးမှ"
"အခြားသူကို မဲမနေပါနဲ့ဘွားဘွား၊ ဘာကြောင့်မို့ ကျွန်တော့်ဘက်က ခါးသီးနေတာကို စေ့စပ်ပွဲ လုပ်ချင်နေရတာလဲ"
"လူကြီးက မင်းဘဝကောင်းစေချင်လို့ သင့်တော်မယ့် မိန်းကလေးနဲ့ စီစဉ်ပေးတာလေ၊မင်းဘက်က နှိုင်းကဗျာလေးကို အတင်းတွေစွတ်ငြင်းနေတော့ ငါကမပြောဘဲနဲ့ လုပ်ရုံပဲရှိတော့တာပေါ့"
"အဲ့ဒီကောင်မလေးကို တော်တော် သဘောကျနေတာလား၊သူက ကျွန်တော့်ကို ဘယ်လောက်စိတ်ဒုက္ခဖြစ်အောင် လုပ်လဲဆိုတာရော သိလို့လား၊ လွန်ခဲ့တဲ့နှစ်နှစ် ကျွန်တော်ပြန်လာတုန်းက သူငယ်ချင်းတွေနဲ့ လျှောက်လည်တာကို ကျွန်တော့်နောက်ကနေ တကောက်ကောက်နဲ့ ကျွန်တော်မသိအောင် လိုက်နေတယ်တဲ့၊ သူများပြောမှ ကျွန်တော််သိရတာ၊ ဒါတောင်သူနဲ့ကျွန်တော်က ရည်းစားလည်းမဟုတ် ဘာမှမပတ်သတ်တာနော်၊ပတ်များပတ်သတ်နေရင် အိမ်မှာနေလည်း cctvနဲ့များ စောင့်ကြည့်ခံနေရမလားမသိဘူး"
ESTÁS LEYENDO
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)