Part 20

441 26 3
                                    

(Unicode)

ဒီနေ့တော့ ညဉ့်ဦးစောစောစီးစီး နိုးနေပါတယ်။ အကြောင်းကတော့ မြတ်မင်းခန့်နဲ့ ပြင်ဦးလွင်မြို့အနှံ့ မြို့ပတ်ပြီး လည်ကြရန် ချိန်းထားပြီးဖြစ်သောကြောင့်ပင်။ သူတို့နှစ်ယောက်တည်းမဟုတ်ဘဲ စစ်ရှိုင်းမာန်တို့ပါ လိုက်မှာဆိုသောကြောင့် လူစုံတက်စုံဖြစ်နေသည်။

ညဉ့်ဦးကတော့ စိတ်လှုပ်ရှားပြီး အစောကြီး အိပ်ယာနိုးနေတာ သူ့ကိုယ်‌စောင့်နတ်တောင်မှ အံ့ဩခြင်းကြီးစွာနဲ့ နတ်သဘင်အစည်းအဝေးသို့ စောစီးစွာ ရောက်နေလောက်ပြီ။ကိုယ်စောင့်နတ်ရဲ့ နောက်မှာ အံ့ဩနေတဲ့နောက်တစ်ယောက်ကတော့ တေးသံပါ။အရင်တုန်းကဆို သူကိုယ်တိုင် အသံပြဲနဲ့ နှိုးနေကြဆိုတော့ အံ့ဩလောက်ပါသည်။ တေးသံတောင် အခုမှ ညဝတ်အင်္ကျီနဲ့ဖြစ်နေပေမယ့် ညဉ့်ဦးကတော့ အပြင်သွားဖို့ အဆင်သင့်ဖြစ်နေတဲ့အနေအထားနဲ့ မွှေးကြိုင်လို့နေ‌သည်။

"ကြားသားမိုးကျိုး၊ အစောကြီးတွေထပြီး ပြင်ထားတာ မင်းသားရှုံးမယ့် ဒီဇိုင်းနဲ့၊ငါတောင်အခုမှ နင့်ကိုလာနှိုးမလို့ ထလာတာ"

"ငါလည်းနိုးနေပြီဆိုတော့ မြန်မြန်ပြင်၊ရေတွေဘာတွေလည်း မြန်မြန်ချိုး၊မကြာနေစေနဲ့ဦး၊ကြာနေရင် ငါထားခဲ့‌မှာနော်"

"အောင်မယ်လေး၊ ဖြစ်‌နေလိုက်တာ၊အရင်တုန်းကဆို ငါ့နောက်မှ အိပ်ယာထပြီး ငါကပဲ အမြဲထိုင်စောင့်နေရတဲ့ အကောင်ကများ"

"အရင်တုန်းက အရင်တုန်းကလေ၊ဒီနေ့ကမတူဘူး၊မြန်မြန် သွားပါဟာ၊ အချိန်ကုန်တယ်"

"‌ရည်းစားရသွားတာနဲ့ အချိုးတွေ ပြောင်းသွားတော့တာပဲနော်"

"အေး ဒီကောင်ပြောင်းသွားတာ ငါတို့လည်း မသက်သာပါဘူးဟာ၊ခုနက အတင်းလာနှိုးပြီး ပြင်ခိုင်းနေတာ ငါ့မှာကောင်းကောင်းမွန်မွန် မအိပ်ရဘူး"

"ငါ အောက်မှာစောင့်နေမယ်၊ရဲရင့် မင်းပါလိုက်ခဲ့တော့၊အခုလာ"

"အေးပါ အဖေရယ်"

........................................................

ညဉ့်ဦးတို့အိမ်ကို မြတ်မင်းခန့်ရောက်တော့ အဆင်သင့် ခြံထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့လျှောက်နေတဲ့ သူ၏အသည်းတစ်ခြမ်း ကလေးလေးကို တန်းတွေ့လိုက်ရသောကြောင့် မနက်စောစောစီးစီး ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားတော့သည်။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now