Part 4

944 40 2
                                        

(Unicode)

လွန်ခဲ့သောတစ်နှစ်ကျော်က ရန်ကုန်မြို့ရှိ barတစ်ခုတွင် နားရက်လေးရတုန်း အေးအေးဆေးဆေး chillရန် night outထွက်လာသော မြတ်မင်းခန့်တစ်ယောက် bartenderရှေ့ရှိ bar counterတွင်သာထိုင်ရန် ဆုံးဖြတ်ပြီး cocktailတစ်ခွက်သာမှာဖြစ်ပြီး ထိုင်နေလိုက်သည်။

"ငါကိုယ်က အသုံးမကျတဲ့ကောင်၊ ဦးနှောက်က တစ်ခါမှတောင် မစဉ်းစားမိဘူးလား၊ သူ ဘယ်လိုအချိုးချိုးနေလဲဆိုတာ၊ ဟမ်၊ ဟုတ်သားပဲ၊ ငါကိုက ဒီမိန်းမကိုမွှန်နေတော့ ဘယ်မြင်မလဲ ငါ့ကိုမချစ်တာကို"

မြတ်မင်းခန့် အသံလာရာကို ကြည့်လိုက်‌တော့ ကလေးရုပ်လေးနဲ့ ကောင်လေးတစ်‌ယောက်။ ထင်ရသလောက် တစ်ခါမှမသောက်ဖူးဘဲနဲ့ သောက်ထားတဲ့ပုံပင်။ထို့အပြင် ထိုကောင်လေး အရှေ့မှာလည်း အပြင်းတွေချည်းပဲ။

Bartenderအား လှမ်းကြည့်လိုက်မိသည့်အခါ မနိုင်လို့လွှတ်ထားရသည့် ပုံစံနှင့် ခေါင်းခါပြသည်။ ထိုကောင်လေးကတော့ အခြားသူမဟုတ်ပါ။ညဥ့်ဦးယံဆိုသောကောင်ငယ်လေးသာ ဖြစ်လေသည်။ ညဥ့်ဦးတစ်‌‌ယောက်တစ်ခါမှမသောက်ဘူးဘဲ သောက်ပြီးမူးနေသည်မှာ မြင်မကောင်း။ သူငယ်ချင်းတွေတစ်ယောက်မှမပါဘဲ သောက်နေတာလားဆိုတော့ ဟုတ်ပါသည်။ အကြောင်းအရင်းကတော့ ရင်ထဲကနှစ်နှစ်ကာကာချစ်ရသော ချစ်သူ
ဆုဝေနှင်း၏ မညှာမတာ တစ်ဖက်သက်ကြီး လမ်းခွဲခြင်းခံလိုက်ရသည့်အပြင် ကစားခံရသည်ကိုပါ သိလိုက်ရသောကြောင့် မိမိကိုယ်ကိုလည်း ပေါက်ကွဲချင်သည်။ ရင်ထဲတွင်လည်း မချိမဆန့်ခံစားရသည့်ဝေဒနာအား ဘယ်သူ့ကိုမှအသိမ‌ပေးဘဲ တစ်‌ယောက်တည်းရှင်းလင်းချင်သည့်အတွက် အမှောက်သောက်နေခြင်းဖြစ်သည်။

"ညီလေး....အကို‌ခေါ်နေတာ ကြားလား"

သူမေးလိုက်တော့ မှောက်နေသောကောင်လေးခဗျာ ခေါင်း‌ထောင်လာရှာပါသည်။

"အကို ခေါ်နေတာကြားရလား"

"ကြားလို့ ခေါင်းထောင်လာတာပေါ့ဗျာ"

"အေးပါကွာ...စိတ်ချည်းပဲ၊ ဒါနဲ့ တစ်‌ယောက်တည်းလာတာလား၊ သူငယ်ချင်းတွေရော၊ တစ်ခါမှမသောက်ဖူးတဲ့ပုံပဲ ကြည့်ရတာ‌တော့၊ ဘာလို့ အဲ့လောက်တောင် မသောက်နိုင်ဘဲ သောက်ထားရတာလဲ မှောက်နေအောင်"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now