(Unicode)
"အား.........သေပါပြီ ငါတော့"
"ဘာဖြစ်တာလဲ ကိုညဥ့်ဦးယံရေ၊ ဖြစ်လိုက်ရင် အသည်းအသန်တွေ"
အမြွှာနှစ်ယောက်ရပ်နေတာ ကျောင်းဂိတ်ပေါက်ဝ ရှေ့နားမှာ ဖြစ်တာမို့လို့ ကျန်တဲ့ကျောင်းသားတွေကလည်း ကွက်ကြည့်ကွက်ကြည့်။ ပတ်ဝန်းကျင်ကို ရိပ်မိတဲ့ တေးသံက ညဥ့်ဦးကို AGD bank ATMရှေ့ ဆွဲခေါ်သွားရသည်။
"ငါ ကျောင်းသားကဒ် ကျန်ခဲ့လို့"
"ဖြစ်ရမယ်၊ ဒီမှာရပ်နေ၊ ငါ့ကဒ်လှမ်းပစ်ပေးမယ် ခဏစောင့်"
"အေး မြန်မြန်သွား"
တေးသံ ကျောင်းထဲသို့ ခပ်သွက်သွက်ဝင်သွားပြီး ညဥ့်ဦးစောင့်နေသည့် နားသို့လာကာ သံတိုင်ကြားမှ ကျောင်းသားကဒ် လှမ်းပေးရသည်။
YUFLက ကျောင်းသားကဒ်ဆွဲမှ ကျောင်းထဲဝင်ခွင့် ရှိတာမို့ ကျောင်းသားတိုင်း ကျောင်းသားကဒ်မပါရင် ဒီနည်းလမ်းသာ သုံးနေကျ။
ညဥ့်ဦးလည်း ညီမဖြစ်သူရဲ့ ကျောင်းသားကဒ် ဆွဲထားပြီးခပ်မြန်မြန်ဖြင့် ကျောင်းထဲသို့ ဝင်လိုက်တော့သည်။
"ဟိုအတွဲရော canteenမှာလား"
"မသိဘူးလေဟယ်၊ အရင်ဝင်ရှာကြည့်ရအောင်"
မောင်နှမနှစ်ယောက် စားနေကျဆိုင်ကိုသာ ဝင်လာလိုက်တော့ တွေ့ပါပြီ။ ဟိုအတွဲ စောစောစီးစီး သာယာနေတာ နှစ်ယောက်တည်း။
"မင်းတို့နှစ်ယောက်ကလည်း ရိုနေတယ်နော် မိုးလင်းတည်းက"
"မင်းကလည်းကွာ၊ ငါကမြတ်နိုးနဲ့ ၁စက္ကန့်တောင် ခွဲချင်တာမဟုတ်ဘူး၊ ဟုတ်တယ်နော် နိုးလေး"
"မျက်စိတွေတောင် နောက်လာပြီ၊ ရောက်ရောက်လာချင်းကို နှိပ်စက်တော့တာပဲ နင်တို့အတွဲက၊ လာဟာ ညဥ့်ဦးရာ၊ သွားရအောင်၊ ငါတို့လည်း မနက်စာစားလာပြီးပြီ၊ သူတို့ကို နှစ်ယောက်တည်းထားခဲ့လိုက်"
"အေးပါ သွားကြ ၊မင်းတို့အမှောင်နှစ်ကွာ ညနေမှ ငါတို့ကိုပစ္စည်းတွေ ကူမသယ်ခိုင်းနဲ့"
ညဥ့်ဦးနဲ့တေးသံ တစ်ယောက်မျက်နှာတစ်ယောက် စိတ်မသက်သာစွာ ကြည့်မိကြသည်။
VOCÊ ESTÁ LENDO
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)