(Unicode)
ညဉ့်ဦးလည်း ရန်ကုန်ပြန်ရောက်ပြီးတည်းက အလုပ်တွေက တစ်ရက်မှာ၂၄နာရီရှိတာတောင် မလောက်ချင်။ ၄၈နာရီရှိမှ အဆင်ပြေမည့်အတိုင်း တစ်နေ့လုံး အလုပ်တွေ ဘယ်လိုရှုပ်မှန်းကိုမသိ ရှုပ်နေတော့သည်။
ပြန်ရောက်ပြီးပြီးချင်းတုန်းကလည်း internနဲ့ နားကိုမနားရ။ ဒါ့အပြင် research paperအတွက်လည်း ပြင်ရဆင်ရဆိုတော့ သူ့မှာပူပူနွေးနွေးရထားသည့် ရည်းစားဖြစ်သည့် မြတ်မင်းခန့်နဲ့တောင်မှ တစ်ပတ်လုံးနေမှ တစ်ရက်သာတွေ့နိုင်ပြီး ကျန်တဲ့နေ့များမှာတော့ SMSမှတစ်ဆင့်၊ onlineမှတစ်ဆင့်သာ ဆက်သွယ်နိုင်ရှာသည်။
ပြင်ဦးလွင်မှ အဘွားဖြစ်သူက စိတ်သာဆိုးပေမယ့် အမွေဖြတ်တာတွေ ဘာတွေမလုပ်လိုက်လို့လည်း ညဉ့်ဦးခမျာ စိတ်သက်သာရာ ရောက်ရသည်။ ကြီးသွယ်ပြန်လာတော့
ကြားရသည်က နှိုင်းကဗျာမှာ စေ့စပ်ပွဲဘယ်လိုမှဆက်လုပ်လို့မရမှန်း သဘောပေါက်သွားတော့ ရှက်ပြီးအိမ်ထဲက အိမ်ပြင်တောင် လုံးဝမထွက်တော့သည့်သတင်း။
ညဉ့်ဉီးကတော့ နှိုင်းကဗျာကို နဂိုတည်းက ခေါင်းထဲမထားသည့် လူဖြစ်တဲ့အတွက် ထိုသတင်းကြားတော့ထွေထွေထူးထူး တုံ့ပြန်နေခြင်း၊အားတုံ့အားနာဖြစ်နေခြင်းမျိုးလည်းမရှိပါ။ ရှိစရာလည်းမလိုပါဘူး။နဂိုတည်းက ထိုမိန်းကလေးနဲ့ သူ့အဘွားတောင် မညှာမတာအတင်း အကျပ် စေ့စပ်ပွဲစီစဉ်ဖို့ ကြံထားသေးတာပဲ။ ဒီလောက်ကတော့ သူ့အတွက်ရသင့်ရထိုက်သည့်အပြစ်ဒဏ်လို့
ညဥ့်ဦးအနေနဲ့ ယူဆထားသောကြောင့်ဖြစ်သည်။
အချိန်တွေ ကုန်လာတာ အရမ်းကိုမြန်ပါသည်။ ညဉ့်ဦးကတော့ သူ့အတွက် တန်ဖိုးရှိလှတဲ့ အချိန်တွေကို သူတန်ဖိုးထားရတဲ့ လူတွေနဲ့ သူစိတ်ဝင်စားတဲ့အရာတွေကို အချိန်ပေးပြီး ဖြတ်သန်းလာတာ အခုဆိုရင် သူ့ကျောင်းသားဘဝရဲ့ နောက်ဆုံးsemesterတောင် တစ်ဝက်ကို တော်တော်ကျော်လာကာ julyလကုန်ရက်ထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။
ပိတ်ရက်မှာလည်း ညဉ့်ဦးတစ်ယောက် မနားရပါ။researchအတွက် ဟိုပြေးဒီပြေးနှင့်ဖြစ်နေပြန်ပြီ။ဒီလိုနေ့မျိုးတွေဆိုရင်တော့ မြတ်မင်းခန့်က အားရင်အားသလိုလိုက်ပို့ပေးပါသည်။ သည်တော့လည်း ညဉ့်ဦးယံတို့ busတိုးမစီးရဘဲ အဆင်ပြေရပြန်သည်ပေါ့။
ВЫ ЧИТАЕТЕ
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)