(Unicode)
"ဟဲလို"
"ညဉ့်ဦး မင်းတို့ဘယ်ရောက်ပြီလဲ"
"Myanmar plazaရှေ့ပဲရှိသေးတယ် အခုမှ"
"ငါနဲ့ဟန်လေး ရောက်နေပြီလို့ လှမ်းပြောတာ"
"အောင်မယ်၊ ပုံမှန်ဆို canteenမှာ ငါတို့က စောင့်နေရတဲ့ကောင်က အခုကျတော့ အစောကြီးပါလား"
"အလုပ်တွေ ကူလုပ်ပေးဖို့ စောရောက်နေတာပါနော်"
"လုပ်မနေနဲ့ လူကြားကောင်းအောင်၊ မင်းစောရောက်နေတာ စိုင်းဝေဟန်ကို ကျောင်းပတ်ပြချင်လို့မလား"
"အဲ့တာလည်းဟုတ်တယ်၊ ပွဲစချိန်ဆို အကုန်လုံး လူတွေနဲ့ရှုပ်ယှတ်ခတ်လာတော့မှာလေ၊ အဲ့တာကြောင့်မို့ စောစောစီးစီး ကျောင်းပတ်ပြမလို့"
"အေးပါ ချစ်တတ်သူကြီးရေ၊ ငါတို့ရောက်ရင် မုန့်ရောင်းမယ့်နေရာကိုပဲ တန်းလာလိုက်မယ်"
"အိုကေပါ ကိုညဉ့်ဦးယံခင်ဗျ"
ခဏကြာသော်-
"တေးသံ၊ macron တွေ ဌာနမှာရောက်နေပြီတဲ့၊အဲ့တာ တစ်ခါတည်း သွားသယ်ထားပြီးတော့ coffeeခွက်တွေပါ ပြင်ထားလိုက်တော့ရင် ကောင်းမယ်၊ အချိန်က၈နာရီဖြစ်နေပြီ"
"အေးပြင်ထားမယ်၊ဒါနဲ့နန်း ငါတစ်ယောက်တည်း သယ်မယ့်သူ လောလောဆယ်ဒီမှာရှိတယ်၊တစ်ယောက်တည်းသယ်လို့တော့ ဖြစ်မှာမဟုတ်ဘူးထင်တယ်၊အခုဒီဘက်မှာက ရောက်တာ ငါတို့မောင်နှမရယ် ရှိုင်းမာန်ရယ်ပဲရှိတာ၊ညဉ့်ဦးကလည်း toiletသွားတယ်၊ ရှိုင်းမာန်ကလည်း သူ့ကောင်လေးကို ကျောင်းပတ်ပြနေတယ် ဆိုပြီး ဘယ်ပျောက်နေလဲမသိဘူး"
"အဲ့တာဆို ငါဖုန်းဆက်ပြီး ယောကျာ်းလေးတွေကို လှမ်းခေါ်လိုက်မယ်၊ နင်ကဒီမှာပဲနေပြီး ညဉ့်ဦးနဲ့ရှိုင်းမာန်ကို စောင့်နေရင်း ကော်ဖီခွက်တွေပဲ ပြင်ထားလ်ိုက်နှင့်၊ souvenirဘက်က လူတွေဘက်သွားလိုက်ဦးမယ် ၊အတန်းထဲက အကောင်တွေ ဘယ်ပျောက်နေလဲမသိဘူး ဒီလောက်မှာထားရဲ့သားနဲ့"
"နန်းဧကရီက ဘာလာလုပ်တာလဲ"
"မုန့်တွေသွားသယ်ဖို့ လာပြောတာ၊ လူကလည်း တစ်ယောက်မှမရှိတော့ ယောကျာ်းလေးတွေကို ဖုန်းဆက်ပြီးပဲသွားသယ်ခိုင်းလိုက်မယ်တဲ့"
أنت تقرأ
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)