"ညဉ့်ဦးကို ကိုယ်ချစ်တယ် ၊ကလေး"
"ဗျာ၊ ကိုမြတ် ဘာပြောလိုက်တာလဲ၊ နောက်မနေနဲ့နော်"
"ကိုယ်က ကလေးကို ဘာကိစ္စနောက်ရမှာလဲ၊ကိုယ် ကလေးကို ချစ်တယ်ဆိုတာ နောက်စရာမဟုတ်ဘူး၊အပြောင်အပျက်လည်း ပြောနေတာမဟုတ်ဘူး"
"........."
"ကိုယ် ဒီစကားကို ပြောဖို့ ဘယ်လောက်တောင် သတ္တိမွေးခဲ့ရလဲ၊ ဘယ်လောက်တောင် ပူလောင်ပြီး ရင်ထဲမှာ ဗြောင်းဆန်ခဲ့ရလဲဆိုတာ ကလေးကတော့ သိမှာမဟုတ်ဘူး၊ ကလေးကို ကိုယ် ရင်ထဲက နှစ်နှစ်ကာကာ မြတ်နိုးပြီး ချစ်မိလို့ ဒီအဆင့်ထိ ကိုယ်ရောက်လာခဲ့တာ၊ကိုယ့်မှာ အစပိုင်းတုန်းက ကလေးနဲ့ အဆင်မပြေပေမယ့် နောက်ပိုင်းရက်တွေမှာ ကလေးက ကိုယ့်ကို ရင်းရင်းနှီးနှီးပြန်ပြီး ပြောဆိုပြုမူလာလို့ ဘယ်လောက်တောင်ပျော်ခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်စောင့်နတ်က လွဲရင် ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ကိုယ် ဘယ်လောက်တောင် ကလေးကို ချစ်တယ် မဟုတ်ဘူး ချစ်တာထက် ပိုတဲ့စကား ရှိရင်တောင် အဲ့စကားနဲ့ ကိုယ့်အချစ်ကို ပြောပြရရင်တောင် လုံလောက်မှာ မဟုတ်ဘူး၊ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကိုယ်က ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကလေးကို ချစ်တယ်လို့ ပြောလို့ အထင်သေးချင်လား ရတယ်၊
ဒါပေမယ့် ကိုယ်ပြောခဲ့ဖူးသလိုပဲ ကိုယ် တကယ် ချစ်တဲ့သူ ကိုယ် တကယ် လက်တွဲချင်တဲ့သူကိုမှ ကိုယ့်ချစ်သူအဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ခဲ့ပြီးသား၊အဲ့ဒီသူက မိန်းကလေးမဟုတ်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကလေး ဖြစ်နေတာကတော့ ကိုယ့်နှလုံးသားက ရွေးချယ်လိုက်တာပဲ""ဒါပေမယ့်"
"ဘာပဲဖြစ်ဖြစ် ကိုယ့်ကို အားမနာဘဲနဲ့ ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြပါ၊ကိုယ့်အချစ်ကို ကျေးဇူးပြုပြီးလက်ခံပေးပါလား ကလေးရယ်"
"ကျွန်တော်တို့က မဖြစ်နိုင်ဘူးလေ၊ သာမန်စုံတွဲတွေမှာတောင်မှ ပြသနာတွေအများကြီးနဲ့ လမ်းခွဲလိုက်ရတာတွေ ရှိတတ်သေးတာပဲ၊ အခုက ယောကျာ်းလေးနှစ်ယောက်ဖြစ်နေတယ်လေ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊
ကိုမြတ်၊ ကျွန်တော့်ကိုမေ့လိုက်ပါ၊ ကျွန်တော် ကိုမြတ်ကို မချစ်နိုင်ဘူး၊ ကိုမြတ်အချစ်ကို ကျွန်တော် လက်မခံပါရစေနဲ့"
VOCÊ ESTÁ LENDO
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)