(Unicode)
"သားကြီးနဲ့သမီးငယ် အပြင်သွားကြမလို့လား"
"ဟုတ် ကြီးသွယ်"
"ဦးလှိုင်ရုံးကို ထမင်းချိုင့် လမ်းကြုံဝင်ပို့ပေးလို့ရလား၊ မနက်က သားတို့ဦးလေး အလောသုံးဆယ်ထွက်သွားတာ၊ကြီးသွယ်အားရင်လည်း ကိုယ်တိုင်သွားပို့ပေးပါတယ်၊အခုက ဆိုင်မှာ ချိန်းထားတာ ရှိတာမို့၊ကြီးသွယ်ဆိုင်နဲ့ သားတို့ဦးလှိုင်ရုံးကလည်း တစ်လမ်းစီဆိုတော့ ပြန်လာလို့အချိန်မမီခဲ့ရင် မျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာစိုးလို့"
"ရတယ် သားတို့ယူသွားပေးမယ်လေ၊သားတို့ လမ်းကြုံတယ်"
"သားတို့က အခုဘယ်သွားမလို့လဲ"
"ရှိုင်းမာန်တို့အိမ်လေ၊ သူငယ်ချင်းတွေစုပြီး ဟင်းချက်စားကြမယ် ဆိုပြီးလှမ်းခေါ်လို့၊ ဦးလှိုင်ရုံးရှိတဲ့ ဗိုလ်တစ်ထောင်ဘက်ကို ဝင်ပေးပြီးမှ အဲ့ဘက်ကနေ ပတ်သွားလိုက်တော့မယ်"
"Busစီးပြီးတော့ မသွားကြနဲ့နော်၊ ဂိုဒေါင်ထဲကကားယူသွား၊ ကြီးသွယ် taxiနဲ့ပဲ သွားလို့ရတယ်"
"ကြီးသွယ် သွားရလာရ အဆင်ပြေပါ့မလား၊မယူသွား တော့ဘူး"
"အောင်မယ်လေး ကျုပ်ကမြို့ထဲတင်သွားမှာ၊ ကိုယ်တော်လေးတို့က star cityအထိသွားရမှာ၊ယူသွားလိုက်"
"ဟုတ်ကဲ့ပါဗျာ၊ အဲ့တာကြောင့် ကြီးသွယ်ကိုချစ်တာ"
"သမီးတို့သွားပြီ၊ တာ့တာကြီးသွယ်ရေ"
ကြီးတော်ဖြစ်သူက သူ့တူနဲ့တူမ သွားရလာရခက်မှာစိုးလို့ သူ့ကားကို ယူသွားခိုင်းရှာတာ။ဒီတစ်ခေါက် ပြင်ဦးလွင်ပြန်ရင်တော့ မာမီတို့ကို ကားဝယ်ခိုင်းဦးမှပဲ။ကြီးသွယ်ကို အားနာစရာကြီး ဒီလိုမျိုးဆိုတော့လည်း။
..................................................................
"ဦးလှိုင်တော့ designတွေအကုန်လုံးကို သဘောကျတယ်၊လုံးဝ အပြစ် ပြောစရာကိုမရှိတာ ၊ဒီပုံအတိုင်းသာဆိုရင်တော့ ဦးလှိုင်condoတော့ ခဏလေးအတွင်း အခန်းတွေအကုန်လုံး ရောင်းထွက်မှာကျိန်းသေပဲ"
"အဲ့လောက်ကြီးလည်း မြှောက်မနေပါနဲ့ ဦးလှိုင်ရယ် အချင်းချင်းတွေပဲ၊ နောက်ပြီး ဒါက ကျွန်တော်တို့လုပ်ရမယ့်အလုပ်ပဲ ၊အိမ်ဆိုတာက မိသားစုတွေအကုန်လုံးအတွက် အေးချမ်းတဲ့ အရိပ်အာဝါသပေးနိုင်တဲ့ နေရာလေ၊အဲ့တော့ အပြင်မှာ အလုပ်သွားလုပ်တဲ့သူတွေပဲဖြစ်ဖြစ် ကျောင်းသွားတဲ့သူတွေပဲဖြစ်ဖြစ် အိမ်ပြန်ရောက်လာတော့ ကိုယ့်အိမ်ကလှလှပပလေးနဲ့ အေးအေးချမ်းချမ်းလေးဖြစ်နေရင် အမောပြေပြီး စိတ်ချမ်းသာတာပေါ့၊ ဘယ်သူ့ကိုမဆို ကိုယ့်အိမ်လေးကိုယ်ကြည့်ပြီး စိတ်ချမ်းသာလိုက်တာဆိုတဲ့စိတ်လေး ဖြစ်စေချင်လို့ကျွန်တော်နဲ့ငပိုင် ဒီcompanyကိုစထောင်ဖြစ်ပြီး ကိုယ်တိုင်လုပ်ဖြစ်တာပဲ"
YOU ARE READING
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)