Part 8

654 35 0
                                        

(Unicode)

စစ်ရှိုင်းမာန် ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားရလို့အရှေ့ကိုလည်း ကြည့်မိရော မိမိကို ဝါးစားတော့မတတ် စိုက်ကြည့်နေသောဘအမြွှာနှစ်ယောက်။ ဘာများလုပ်ထားလဲ စဉ်းစားမိတော့ သူတို့ဒေါသထွက်လောက်အောင် ဘာမှလည်းမလုပ်ထား။ဘာလို့များပါလိမ့်။

"နင်တို့ကလည်း လူသတ်တော့မယ့်အတိုင်းပဲ ကြည့်နေကြတာ"

"မင်းကရော၊ ဒီရောက်ပြီးတည်းက ငါတို့အခုထိ ဘာစာလုပ်ဖြစ်သေးလို့လဲ၊ ခဏဆိုပြီးတော့ ဖုန်းပြောနေတာ‌ တော်တော်ကြာနေပြီ၊ အဲ့လောက်တောင် စိတ်မချဖြစ်နေတာ သူ့အိမ်ပြန်တာ လိုက်သွားပါလား"

"နင်ကိုက လုပ်တဲ့ပုံကိုကမဟုတ်တာ၊ ဖုန်းပြောရင်လည်းအိမ်ရောက်မှ အလွမ်းသယ်ကြပါလားဟယ်၊ literatureစာအုပ်ထဲက molièreကိုလည်းအားနာဦး၊molièreသာ အသက်ရှိရင်ပြောမှာပဲ သူ့စိုင်းဝေဟန်အကြောင်းသာpresentationလုပ်ခိုင်းလိုက်တော့ဆိုပြီး"

ညဥ့်ဦးတို့သုံးယောက်သား presentation
အတွက်စာစုလုပ်ကြရန် myanmar plaza ရှိ
Café Amazonသို့ ရောက်နေကြခြင်း ဖြစ်သော်လည်း
စစ်ရှိုင်းမာန်မှာ‌ ရောက်ကတည်းက ခဏဖုန်းပြောလိုက်ဦးမယ်ဆိုပြီး ပြောနေသည်မှာ စာကို ဖြစ်မြောက်အောင်မလုပ်ဖြစ်သေးသောကြောင့်‌ အမြွှာနှစ်ယောက် ပေါက်ကွဲနေခြင်းဖြစ်သည်။

"ငါလည်းစိတ်မချလို့ပါကွာ မင်းတို့ကလည်း၊ အိမ်မှာဟန်လေးမရှိဘဲ တစ်ယောက်တည်းနေရတာ ဘယ်လောက်အထီးကျန်တယ်မှတ်လဲ ၊အသံလေးဖြစ်ဖြစ်ကြားချင်လို့ ဖုန်းဆက်လိုက်တာ အဲ့လောက်ကြာသွားမှန်းမသိလို့"

"မင်းဒီကိုမလာခင်တုန်းက ဖုန်းမပြောလာရလို့လား"

"ပြောလာပေမယ့် နှစ်နာရီကြီးများတောင် ကြာသွားပြီလေကွာ၊ငါလွမ်းတာပေါ့"

"အဲ့တာများ လိုက်သွားတာမဟုတ်ဘူး"

"တေးသံရယ်အပြောကလွယ်လိုက်တာ ၊literature presentationဟဲ့ ၊အမှတ်ရမယ့်ဟာလေ၊ ပြီးတော့ ငါတို့သုံးယောက်တစ်ဖွဲ့ကို ငါလိုက်သွားရင် နင်တို့ဘယ်လိုလုပ်ကြမလဲ၊ အဆူခံရမှာစိုးလို့ စေတနာနဲ့နေခဲ့တာ၊ အကောင်းအ‌ပြောမခံရဘဲ နှစ်ယောက်ပေါင်းပြီး ကိုကို့ကိုနှိပ်စက်နေတယ် ဟန်လေးရေ..."

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Tempat di mana cerita hidup. Terokai sekarang