Part 16

490 28 0
                                        

(Unicode)

မနက်6နာရီခွဲတွင်  သာမန်လုပ်ရိုးလုပ်စဉ်အတိုင်း နေ့သစ်တစ်ခု အစပြုဖို့ အိပ်ယာကထရပြန်ပြီ။
မနက်ခင်းတိုင်း ကော်ဖီတစ်ခွက် သောက်မှသာ တစ်နေ့လုံး နေသာထိုင်သာရှိသူမို့ အခုလည်း ကော်ဖီခွက်ဆွဲပြီး ဝရန်တာကို ထွက်လာကာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိသည်။ တချို့ကတော့ စောစောစီးစီး လမ်းလျှောက်ထွက်ကြသူများ၊ တချို့ကျတော့ ဈေးသွားဖို့ ပြင်ဆင်နေကြသော အိမ်ရှင်မများ၊ တချို့ကျတော့ မနက်ပိုင်းကျူရှင်သွားရန် အသင့်ဖြစ်နေကြတဲ့ ဆယ်တန်းကလေးတွေ၊တချို့ကျပြန်တော့လည်း ဝမ်းရေးအတွက် လှုပ်ရှားနေကြ‌ရသော ဈေးသည်များမှာ ပျားပန်းခတ်မျှ သူ့မျက်ဝန်းထဲ တွေ့မြင်ရပြီး အသက်ရှင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ လူတိုင်းကိုယ်စီ ကျရာတာဝန်ကို မညည်းမညူ ထမ်းစောင်နေရသော လူ့ဘဝကြီးဟု သူ့စိတ်ထဲ ခံစားမိသည်။

လူ့လောကကြီးတွင် အသက်ရှင်နေသမျှတော့ သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲမှာ ကျင်လည်ရဦးမည်သာ။ 'အူဝဲ'အသံပေးပြီး လောကကြီးထဲ ရောက်လာတဲ့အချိန်မှ အချိန်တန် ကျောင်းတက်ပြီးရင် အလုပ်လုပ်၊ ထိုမှတစ်ဆင့် အိမ်ထောင်ကျကြ၊ သားသမီးတွေအတွက် ရုန်းကန်ရပြန် အချိန်တန်‌လောကကြီးထဲက ပြန်ထွက်သွားရကြနဲ့ ဘယ်မှာလဲပျော်ရွှင်မှု။

လူ့ဘဝကြီးက တကယ်တော့ တိုတိုလေးပါ။ ဒီတိုလွန်းလှတဲ့ ဘဝလေးကို ကိုယ်ချစ်တဲ့သူရဲ့လက်ကို တင်းကျပ်စွာ မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး ကြုံသမျှ လောကဓံအား အကြောက်အရွံ့မရှိ ရင်ဆိုင်ကာ ပျော်ရွှင်မှုမှန်သမျှကို ချစ်ရသူနဲ့ဖန်တီးခြင်း မဟုတ်သေးဘူး ချစ်ရသူကို ပိုင်ဆိုင်ခွင့်ရပြီး သူနဲ့တစ်ဘဝလုံး ဖြတ်သန်းနိုင်ခွင့်ကသာ သူ့အတွက် ပျော်ရွှင်မှုအစစ်အမှန် ဖြစ်နေပြီမဟုတ်လား။ အဓိကက ချစ်တဲ့သူသာ သူ့ဘေးနားမှာရှိနေဖို့ပဲ။

သူ့လိုမျိုး ‌လော‌လောလတ်လတ် အသည်းကွဲထားတဲ့သူကရော ဒီလိုမျိုးတွေးနေလို့ တန်ရောတန်ပါရဲ့လား။ သူချစ်တဲ့သူရော အခုများ ဘာတွေလုပ်နေမလဲ။ ညဘက်တွေရော ညနက်သန်းခေါင်မှ အိပ်မိလို့ အခုအချိန်ဆို အိပ်ယာထဲမှာ များကွေးနေဦးမလား စသည်ဖြင့် အသည်းကွဲနေရတဲ့ အခုလိုအခြေအနေမှာတောင် တစ်နေ့လုံးမှာ သူ့က‌လေးအကြောင်း မစဉ်းစားမိတဲ့အချိန်က ၂၄နာရီမှာ တစ်စက္ကန့်တောင်မရှိချင်။ အမြဲတမ်း သူပဲ စိုးမိုးနေလွန်းလို့ ကိုယ့်ကိုကိုယ်တောင် သပ်သပ်ရပ်ရပ် မနေနိုင်။ တော်တော်ကိုထင်ရှားနေတဲ့ နှုတ်ခမ်းမွှေးများနဲ့ ဆံပင်ဘုတ်သိုက်က စိတ်ဆင်းရဲမှုရဲ့သက်သေ။ ဒီအတိုင်းနေရင်တော့ ကိုယ့်ဘာသာကိုယ် သတ်သေတာထက်ဆိုးတဲ့ စိတ်ထောင်းကိုယ်ကြေဝေဒနာနဲ့ သေမှာ သိပေမယ့်လည်း ဒီနွံထဲက ကိုယ်တိုင်မရုန်းနိုင်မှတော့ သေရုံပဲပေါ့။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now