(Unicode)
မြတ်မင်းခန့်လည်း နှိုင်းကဗျာချိန်းလိုက်တဲ့မြို့ထဲက tea houseကိုရောက်တော့ အချိန်က မနက်၇နာရီခွဲသာဖြစ်နေသည်မို့ လူတော့ အတော်အတန် ရှင်းနေသေးသည်။
အပြင်မှာ ထိုကောင်မလေးကို တစ်ခါမှ မတွေ့ဖူးတာမို့ လာသာလာရသည်။ မည်သူမှန်းမသိဖြစ်သောကြောင့်ဟိုကြည့်ဒီကြည့်လုပ်ကာ လိုက်ရှာရ၏။
"မြတ်မင်းခန့် ဟုတ်တယ်မလား၊ကျွန်မ နှိုင်းကဗျာပါ"
ကြောင်တောင်တောင်ဖြစ်ကာ လူလိုက်ရှာနေသော သူ့အနားသို့ရောက်လာကာ လာပြောသော ကောင်မလေးကြောင့် စိတ်သက်သာရာရသွားကာ သူဦးဆောင်ခေါ်သွားသည့်စားပွဲသို့ အဆင်သင့်လိုက်သွားတော့သည်။
ကိုယ့်ရည်းစားနဲ့ခြိမ်းခြောက်ပြီး အကျပ်ကိုင်ခေါ်သည့် ထိုကောင်မလေးနှင့် တစ်ဝိုင်းတည်းထိုင်ကာ စကားပြောရမည်ဆိုတော့ အတော်တော့ စိတ်ကျဉ်းကျပ်စရာအကောင်းသား။
"မင်းချိန်းတဲ့ဆီကိုလာတယ်ဆိုတာ မင်းကိုကြောက်လို့တော့ လာတာမဟုတ်ဘူးနော်၊ မင်းကိုပြောစရာရှိတာ ပြောရအောင် လာတာ၊ မိန်းကလေး ၊မင်းပြောတဲ့အတိုင်း မင်းလုပ်မယ်ဆိုရင်ရော ယံငယ်က မင်းကိုချစ်လာမှာမို့လို့လား၊မင်းကိုပိုမုန်းသွားမှာပဲ ရှိတယ်"
"ဒါတွေကျွန်မမသိဘူး၊ စိတ်မဝင်စားဘူး၊ ကျွန်မသိတာက ကျွန်မလိုချင်တဲ့အရာကို ရအောင်ယူဖို့ပဲ၊ အခု ရှင့်ကိုခေါ်တယ်ဆိုတာ ကောင်းကောင်းမွန်မွန် နောက်ဆုတ်ပေးဖို့ပြောချင်တာ"
"ဟက်...ငါက ဘာလို့နောက်ဆုတ်ပေးရမှာလဲ၊ ငါနဲ့ ယံငယ်နဲ့အကြောင်းကို သူ့မိသားစုတွေ အကုန်လုံးသိပြီးသား၊ သူ့အဘွားကိုယ်တိုင်ကလည်း ဘာမှမပြောတော့ဘဲ လက်လျှော့သွားပြီးသားလေ၊မင်းဘာတွေ စိတ်ကူးယဉ်နေတာလဲ၊မင်းဘက်မှာ ဘယ်သူမှမရှိဘူးနော်"
"ဒါကတော့ သူ့အဘွားကို ကျွန်မမိဘတွေ ထိန်းချုပ်ထားတဲ့အဓိကအကြောင်းအရာကို ညဉ့်တေးသံ သိသွားတာကနေ ကျွန်မမိဘတွေကို မလှုပ်နိုင်အောင် ဘာတွေခြိမ်းခြောက်လိုက်လဲမှမသိတာ၊ ညဉ့်တေးသံ အကျင့်မကောင်းတာ ဟိုးငယ်ငယ်လေးတည်းက အခုအချိန်ထိ
ကလိန်ကျတုန်းပဲ"
KAMU SEDANG MEMBACA
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)