Part 17

411 28 0
                                    

(Unicode)

သန်ဘက်ခါ မနက်ပိုင်း ညဉ့်ဦးတို့အဘိုးနဲ့အဘွား ဦးစီးပြီးအလှူလုပ်မှာဖြစ်တဲ့အတွက်ကြောင့် သူငယ်ချင်းများနှင့် ကြီးသွယ်တို့လင်မယားလည်း ရန်ကုန်ကနေ ရောက်နေကြပြီဖြစ်သည်။ ရှိုင်းမာန်တို့အတွဲက သက်သက် ဟိုတယ်မှာ တည်းနေကာ ရဲရင့်နှင့်မြတ်နိုးကတော့ ညဉ့်ဦးတို့အိမ်မှာပဲ တည်းရန် ဆုံးဖြတ်ထားကြသည်။ ဘယ်လောက်ပဲ လူကြီးတွေသိပြီး လက်ထက်ဖို့စီစဉ်ထားပြီးသူများ ဖြစ်ပါစေ မိန်းကလေးဖြစ်တဲ့သူ့အတွက် အဆင်မပြေဖြစ်မှာစိုးသောကြောင့် ညဉ့်ဦးနှင့်တေးသံရှိသည့်အိမ်မှာပဲ နေရန် ခေတ်မြတ်နိုးကပြောထားခြင်းဖြစ်သည်။

ဦးလှိုင်နှင့်ကြီးသွယ်တို့လင်မယားလည်း မနက်အစောကြီးရောက်လာကြသောကြောင့် အိမ်တွင် မိသားစုဆုံနေကြသည်ဖြစ်တဲ့အတွက် အိမ်ရဲ့ပဲ့ကိုင်ရှင် ဒေါ်စိုးမဟာမြိုင်တစ်ယောက် ဝမ်းသာဝမ်းနည်းဖြစ်နေပါသည်။ ဝမ်းနည်းရသည့်အကြောင်းကတော့ တစ်စုံတစ်ယောက်သာရှိရင် ပိုပျော်ဖို့ကောင်းမယ့်အချိန် ဖြစ်မည်ဟု တွေးကာ သွားလေသူတစ်ဦးကို သတိရမိ‌သွားသောကြောင့်သာ။

ထို့နောက် အခြားမြို့က အမျိုးတွေကလည်း ဧည့်သည်တွေတည်းရန် ဆောက်ထားသည့်အိမ်တွင် တည်းကြပေမယ့်လည်း အိပ်ချိန်ကလွဲ ကျန်သည့်အချိန်များတွင် 'မဟာမြိုင်' စံအိမ်ကို လာလည်နေကြသည့်အချိန်က များသောကြောင့် ညဉ့်ဦးတို့မောင်နှမခဗျာ ကောင်းကောင်းမွန်မွန် နေရသည်မရှိကြပါ။ ကြာလာတော့ အနေကျပ်လာသည်နှင့်အမျှ သူငယ်ချင်းတွေကိုခေါ်ကာ လျှောက်သွားကြသည်က များလေသည်။

တေးသံကတော့ သူစီစဉ်ထားသည့်အတိုင်း မြတ်မင်းခန့် လာမှလာပါ့မလား စိတ်တစ်ပူပူဖြစ်နေရှာသည်။ ကြီးသွယ်တို့ကိုမေးကြည့်တော့ လိုက်လာလိမ့်မယ်ဆိုသော စကားကြားရမှသာ စိတ်ချလက်ချ နေနိုင်တော့သည်။ မြတ်မင်းခန့်သာ လိုက်မလာရင် သူခန့်မှန်းထားသလို အခြေအနေတွေက ဖြစ်မလာနိုင်ဘဲ ညဉ့်ဦးအတွက် ဝေခွဲမရတဲ့နွံထဲ နစ်သထက်နစ်မယ့် အလားအလာရှိနေသောကြောင့် စိတ်ပူနေတာမဆန်း။

တစ်ဖက်တွင်လည်း မြတ်မင်းခန့်မှာ စိတ်ပူပန်မှုများစွာနဲ့ စိတ်တည်ငြိမ်အောင် မနည်းထားပြီး ကားမောင်းနေရသည်။ တော်ကြာ ကလေးနဲ့အဆင်မပြေဘဲ ကိစ္စချောပြီး အနိစ္စရောက်နေမှ ကလေးစိတ်နဲ့လူပျိုစင်သရဲ ဖြစ်နေရင် ကိုယ်ကျိုးတွေများကုန်တော့မည်။ စိတ်က မနည်းငြိမ်အောင်ထားသည့်ကြားက ကယောက်ခြောက်ခြားတွေလျှောက်တွေးမိပြန်သည်။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)حيث تعيش القصص. اكتشف الآن