Part 27

385 22 0
                                        

(Unicode)

‌ခေတ်မီဆန်းသစ်သော အဆောင်အယောင်များနှင့် ကျယ်ဝန်းလှသော အိပ်ခန်း၏အတွင်းမှာတော့ စားပွဲ‌ခုံပေါ်က ညှိုးနွမ်းနေတဲ့ပန်းအိုးထဲက ပန်းကလေးနှင့်အတူ စိတ်ညှိုးနွမ်း‌နေသောကောင်လေးတစ်ယောက်ကိုတွေ့ရလိမ့်မည်။ ထိုကောင်လေးရှေ့တွင် လာပို့ပေးထားသည့် ဟင်းခွက်များမှာ အရာတောင်တစ်စက်မှမယွင်းပါ။ ထမင်းများမှာလည်း ကြာလာတော့ ခြောက်ကပ်ကပ်အနေအထားသို့ ရောက်ရှိလာခဲ့ပြီ။

တံခါးဖွင့်သံကြားပေမယ့်လည်း ထိုကောင်လေးကတော့ တစ်ချက်တောင်လှည့်မကြည့်ပါ။ ပြတင်းပေါက်ကိုသာ အသက်မဲ့သောမျက်လုံးများနှင့် ကြည့်မြဲအတိုင်း ကြည့်နေလေသည်။

"ထင်တဲ့အတိုင်းပဲ ကိုကိုယံကတော့၊ ထမင်းကိုလက်နဲ့တောင် မထိဘူးနော်"

သူမတွေ့ချင်ဆုံး၊ သူမမြင်ချင်ဆုံး ထိုမိန်းကလေးက မ,မမျှော်လင့်ဘဲ သူ့အခန်းထဲရောက်လာသောကြောင့် အထိတ်တလန့်ဖြစ်ကာ သူလှည့်ကြည့်မိသည်။

"မင်းက ဘယ်လိုလုပ်ပြီး ယောကျာ်းလေးတစ်ယောက်အခန်းထဲကို ဝင်လာရဲတာလဲ၊မင်းတော်တော် အတင့်ရဲပါလား"

"ကဗျာနဲ့ကိုကိုယံက မကြာခင်လက်ထပ်ရတော့မှာကို၊ ကိစ္စမရှိပါဘူး၊ နောက်လည်း တစ်ခန်းတည်း အတူတူနေရမယ့် သူတွေပဲ"

"အဲ့တာ ဘွားဘွားတစ်ယောက်တည်း သဘောတွေစွတ်တူပြီး စီစဉ်တာလေ"

"ဒါပေမယ့် ကိုကိုယံမငြင်းနိုင်ဘူးမလား၊ ကိုကိုယံ ငြင်းလိုက်တာနဲ့ ကိုကိုယံ့လူ ဘာဖြစ်သွားမယ်ဆိုတာ သိနေလို့လေ"

"ဟိုပုံတွေကလည်း မင်းရိုက်ခိုင်းတာမလား၊ဘွားဘွားကိုလည်း မင်းအသိပေးလို့ သိတာဖြစ်မှာပဲ၊မင်းအ‌ပေါ် ငါ့သဘောထားကို ရှင်းရှင်းလင်းလင်းသိနေတာတောင် မင်းဘာလို့ လိုက်နှောင့်ယှက်ပြီး ဒုက္ခပေးနေရတာလဲ နှိုင်းကဗျာ၊ ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက် ခါးသီးနေတဲ့လူတစ်ယောက်ကို မင်းနေရာမှာ ငါသာဆို စွန့်လွှတ်လိုက်မှာပဲ၊မင်းကတော့ ငါ့ကို ဘယ်‌လိုယူရမလဲပဲ မင်းခေါင်းထဲမှာ အပြည့်တွေးနေရတာ မပင်ပန်းဘူးလား"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now