(Unicode)
"ငါတို့ လမ်းခွဲရအောင် ညဥ့်ဦး"
"ဆုဝေ...တွဲလာတဲ့ ဒီတစ်နှစ်အတွင်း ကိုယ် ဘာအမှားလုပ်မိလို့လဲ"
"ဘာအမှားမှတော့မလုပ်ပေမယ့် ငါနင်နဲ့တွဲရတာပျင်းလာပြီ၊ ပြီးတော့ ငါနင့်ကိုတွဲခဲ့တယ်ဆိုတာက ချစ်လို့မဟုတ်ဘဲ ဒီအတိုင်း အပျင်းပြေအနေနဲ့ တွဲလာတာ၊ အခုတော့ ကိုယ့်လမ်းကိုယ် လျှောက်ကြရအောင် bye bye"
"ဆုဝေ နေဦးလေ၊ ကိုယ်ပြောတာ နားထောင်ပါဦး၊ ဆုဝေ"
ညဥ့်ဦးယံတစ်ယောက်မက်နေကျ အိပ်မက်ဆိုးကနေထုံးစံအတိုင်းပြန်နိုးလာခဲ့ပြန်ပြီ။ ကိုယ်ကိုယ်တိုင်က တကယ်ချစ်ခဲ့သလောက် ကိုယ့်အချစ်ကိုကစားသွားတဲ့သူတစ်ယောက်ကြောင့် ညဥ့်ဦးယံအချစ်ဆိုတာကို အယုံအကြည်မရှိတော့။ ကုတင်ဘေးက စားပွဲတင်နာရီကို လှမ်းကြည့်တော့ ၇နာရီ၁၅မိနစ်။ သူမြန်မြန်ထမှပဲ။ မထရင်တော့ ငှက်ဆိုးထိုးတော့မည်။
"ညဥ့်ဦး ရေ"
ပြောရင်းဆိုရင်းနဲ့ လာပါပြီ။
" ထတော့လေဟာ၊ ဘာလို့ ဒီလောက်တောင် အိပ်နေရတာလဲ၊ ကြီးသွယ်ခေါ်နေပြီဟဲ့"
" အေးပါဟ "
ညဥ့်ဦးမှာ ခပ်မြန်မြန်ပဲ ရေချိုးပြီးကျောင်းသွားဖို့ ပြင်ရတော့သည်။နောက်ကျနေရင် ငှက်ဆိုးက ထပ်လာဦးမည်။ငှက်ဆိုးဆိုသည်မှာအခြားမဟုတ်။
သူ၏နှစ်ယောက်မရှိသောအမြွှာညီမ ညဉ့်တေးသံပင်။ နာမည်နဲ့လူနဲ့မလိုက်အောင်ကို အာပြဲလွန်းပါသည်။ ထို့ကြောင့်လည်းကြီးသွယ်က သူ့ကိုနှိုးဖို့သူ့တာဝန်ပေးထားတာနေမှာ။ တကယ်တော့ကြီးသွယ်ဆိုသည်မှာလည်း သူ့ကို တော်တော် ချစ်ရှာပါတယ်။ ငယ်ငယ်တည်းက မိဘတွေနဲ့ဆိုတာထက်စာရင် ကြီးသွယ်တို့လင်မယားနဲ့အတူတူ ၈တန်းတည်းက နေလာတာလည်းဖြစ်ပြန်၊ ကြီးသွယ်တို့သားသမီးတွေကလည်း အိမ်ထောင်အသီးသီးနဲ့ဖြစ်နေပြန်ဆိုတော့ သူတို့မောင်နှမပဲကလေးလုပ်ပြီးဆိုးနေတော့တာ။ သူတို့မိဘတွေကတော့ပြင်ဦးလွင်မှာလေ။ အဘိုးအဘွားတွေနဲ့အတူနေပြီး ခြံတွေဦးစီးပေးကာ အမြဲတမ်းအလုပ်ရှုပ်နေတော့ သူတို့ကပဲကျောင်း ပိတ်ရင်သွားလည်နေကြပေါ့။
![](https://img.wattpad.com/cover/225057377-288-k177727.jpg)
ESTÁS LEYENDO
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)