Part 13

493 30 0
                                        

(Unicode)

ဘာလိုလိုနဲ့ ညဉ့်ဦးတို့ ကျောင်းတက်လာတာ စာမေးပွဲဖြေဖို့တောင်နီးလာပြီ။ အခုဆို သူငယ်ချင်းတွေလည်း မတွေ့ဖြစ်ကြ‌တော့ပါ။ semတစ်ခုလုံး ကဲချင်တိုင်းကဲ၊စာဆိုလည်းtutoတောင်မှ သိပ်မလုပ်ဖြစ်ကြတော့ စာမေးပွဲဖြေဖို့ ၁၀ရက်အလိုမှ အိမ်တွင်းအောင်းကာ စာလုပ်နေကြရသည်။ နောက်ဆုံးနှစ်ရောက်တော့ minorမပါ‌ဘဲ majorတွေချည်းပဲဆိုတော့ ပေါ့သွားတာလား၊ပျင်းလွန်းပဲအားကြီးလွန်းသွားကြတာလား မပြောတတ်။ လပေါင်းများစွာ လေလာပြီးမှ အသည်းအသန် စာလုပ်နေကြရသည်မှာ အချင်းချင်းတောင် အဆက်အသွယ်မလုပ်ဖြစ်။စာမေးပွဲဖြေကြတဲ့နေ့မှသာ‌တွေ့ကြရသည်။

တစ်ဘာသာ‌‌ဖြေပြီးထွက်လာတိုင်းလည်း အခြားသူတွေလိုအဖြေတိုက်မယ်များ ထင်ပါသလား။ ညဉ့်ဦးယံတို့ဘယ်တော့မှ အဖြေမတိုက်ပါ။ အကြောင်းကတော့
ညဉ့်ဦးတို့အမြွှာနဲ့ ရှိုင်းမာန်မှာ ဘယ်တော့ အဖြေတိုက်တိုက် တခြားစီထွက်လာခြင်းဖြစ်ပြီး ရဲရင့်နှင့်မြတ်နိုးတို့နှင့် majorမတူသောကြောင့်ဖြစ်သည်။ ညဉ့်ဦးတို့အဖွဲ့မျာ စာမေးပွဲဖြေပြီးမှသာ canteenထိုင်ကာ စကားအသေအချာ အတိုးချများပြီး အစားအသောက်ပေါင်းစုံကို နွေကျောင်းပိတ်ရက်အတွက် အတိုးချစားကြရရှာပါသည်။

ပြီးရင်တော့ ကိုယ့်အိတ်ကိုယ်ဆွဲပြီး အိမ်အမြန်ပြန်ကာ စာလုပ်တယ် အထင်မမှားကြပါနဲ့။ ပြန်အိပ်ကြတာပါ။
ညဉ့်ဦးတို့အဖွဲ့က စာလုပ်ပျင်းကြပေမယ့်လည်း စာအရမ်းလည်း မတော်သလို စာညံ့တဲ့အထဲလည်း မပါကြပါ။ အခုတော့ အိပဲ့အိပဲ့နဲ့ အမြန်ပြီး‌စေချင်နေသော စာမေးပွဲက ၆ဘာသာဖြေအပြီးမှာတော့ oralဖြေဖို့ တစ်ရက်ကျန်သေးသည်ကို ဂရုတောင်မစိုက်။ ဘာစာမှမလုပ်ဘဲ မနက်ဖြန် ဆရာမတွေမေးမှသာ စိတ်ထဲရှိတာ ပြောချမယ်ဆိုပြီး ယုံကြည်မှုရှိစွာနဲ့ ငါး‌ယောက်သား gp chatထဲမှာ အာလူးဖုတ်နေကြတာ အပီအပြင်ဖြစ်ပြီး လျှောက်သွားဖို့ planတွေတောင် ဆွဲနေကြသေး။

"သားကြီးတို့ မနက်ဖြန် ဘယ်သွားကြမလဲ ပြီးရင်"

"တေးသံရယ် ‌ငါတို့ကိုခေါ်တာကလည်း နင့်ကိုယ်နင် ‌ယောကျာ်းကြီးများ မှတ်နေလား"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Donde viven las historias. Descúbrelo ahora