(Unicode)
ညနေ၄နာရီခွဲအချိန် decemberခြံအတွင်း၌ လာရောက်လည်ပတ်ကြသော ဧည့်သည်အများအပြားနှင့် စည်ကားလျက်ရှိပြီး အချို့မှာ ဓာတ်ပုံရိုက်ရန်အတွက် ပြင်ပေးထားသောနေရာများတွင် ဓာတ်ပုံများရိုက်ကူးနေကြပြီး အချို့မှာတော့ ခြံအတွင်းသို့ လှည့်ပတ်ကာ ရှူခင်းများကြည့်ရှူနေကြသူများဖြစ်ပြီး ကျန်သူအချို့မှာတော့ ခြံအတွင်းရှိဆိုင်လေး၌ အေးအေးဆေးဆေးထိုင်ကာ စကားစမည်ပြောနေကြသူများ ဖြစ်သည်။
ညဉ့်ဦးတို့အုပ်စုလည်း ဆိုင်အတွင်းလူကျနေ သောကြောင့် ပထမဦးစွာ ခြံထဲ၌လမ်းလျှောက်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ လမ်းလျှောက်ကြရာ၌ ကိုယ့်အတွဲနှင့်ကိုယ် စစ်ရှိုင်းမာန်နှင့်စိုင်းဝေဟန်တို့ကတစ်နေရာ၊ ရဲရင့်နှင့်ခေတ်မြတ်နိုးတို့ကတစ်နေရာ၊ ပြီးတော့မကြာသေးခင်နာရီပိုင်းကမှ လောလတ်လတ် ချစ်သူတွေဖြစ်ထားကြတဲ့ မြတ်မင်းခန့်နှင့်ညဉ့်ဦးယံတို့က တစ်နေရာဖြင့် သက်သက်စီလျှောက်ကြည့်ကြပါတော့သည်။
ညဥ့်တေးသံကတော့အတွဲတွေကြားထဲသူတစ်ယောက်တည်း FAလေးဖြစ်နေရှာတော့တစ်ယောက်တည်း နားအေးပါးအေးသွားချင်တယ်ဆိုပြီးဟန်ကိုယ့်ဖို့ပြောကာ ခြံထဲတွေ့သမျှ ပန်းပင်တွေကို ဓာတ်ပုံလျှောက်ရိုက်နေရှာပါသည်။
ညဉ့်ဦးမှာ သူ့ညီမဖြစ်သူအဖြစ်ကို သနားလည်းသနား၊ ရယ်လည်းရယ်ချင်နဲ့ ပြုံးစိစိဖြင့် မြတ်မင်းခန့် ဆွဲခေါ်ရာနောက် တကောက်ကောက်ပါသွားရှာတော့သည်။
သစ်သားခုံတန်းတစ်ခုနားရောက်တော့...
"ကိုမြတ် ဒီမှာ ခဏထိုင်ရအောင်"
"ကလေး ညောင်းနေလို့လား၊ ထိုင်မယ်လေ"
"ကိုမြတ်၊ ကျွန်တော် ကိုမြတ်ကို မေးခွန်းနှစ်ခု မေးပြီးပြောစရာတစ်ခုရှိတယ်"
"ကိုယ့်ကလေးက ဘာတွေများ သိချင်ပြန်ပြီလဲ၊ မေးစေဗျာ"
"ပထမ မေးခွန်းက ပြီးခဲ့တဲ့Vdayတုန်းက ကျွန်တော့်ကို giftဆိုပြီး မုန့်တွေပေးတာ ကိုမြတ်မလား"
"အယ်၊ ဘယ်လို သိသွားတာတုန်း"
"အဲ့တုန်းက ကိုမြတ်ရဲ့ကားကို ဘဏ်ဘေးက လမ်းကြားလေးထဲမှာ ရပ်ထားတာတွေ့လိုက်တယ်လေ၊ ပြီးတော့ကားထဲမှာ sunglassesကြီးတပ်ပြီး ထိုင်နေတဲ့ ကိုမြတ်ကိုလည်းတွေ့သားပဲ၊ ဒီအတိုင်း အိမ်ကအမေတွေ ဘာတွေကိုလိုက်ပို့ရင်းနဲ့ စောင့်နေတယ် ထင်လိုက်တာ၊ခုနကမှ ကားပေါ်မှာဆက်စပ်ပြီး စဉ်းစားမိရင်းနဲ့ သတိရလို့ မေးကြည့်တာ ဟုတ်နေတာပဲ"
BẠN ĐANG ĐỌC
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)