Part 34

408 19 0
                                        

(Unicode)

မြတ်မင်းခန့် ဆေးရုံမှ ဆင်းလာတာ တစ်လဆိုသည့် အချိန်ကာလကို ကျော်လွန်လာခဲ့ပြီ။ ပုံမှန်အတိုင်းပင် အလုပ်တွေလုပ်ကိုင်ရင်းနှင့် ဖြတ်သန်းနေသလို တစ်ဖက်မှာလည်း မိမိအားလုပ်ကြံခဲ့သော တရားခံအား ဖမ်းမမိသေးသောကြောင့် စိတ်ကတော့ ခပ်ထွေထွေနှင့်။

ကြိုးကိုင်သူမှာ တကယ်ကို တော်လွန်းသည်လို့ ပြောရမည်။ ခိုင်းထားတဲ့သူ တွေကို တစ်ခါတည်းအစပျောက်အောင် ဘယ်ဆီဘယ်‌ဝယ်တွေ ရှောင်ခိုင်းထားလို့ အခုအချိန်ထိ မတွေ့သေးတာလဲ နားမလည်နိုင်။

သေချာကို အကွက်ကျကျနှင့် ပြောင်မြောက်အောင်ကို စီစဉ်ထားနိုင်သည့် တရားခံကိုတောင် အထင်ကြီးချင်စိတ်တောင် ဝင်ချင်လာသည်။ တော်သေးတာက သူ့ကိုဓားထောက်တဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ရဲ့မျက်နှာက အမှတ်ကို မြင်လိုက်သေးလို့ ဒါတောင်ထိုလူကို ရှာမ‌တွေ့သေး။ဒီနေ့ပဲဖြစ်ဖြစ် သတင်းကောင်း ကြားချင်နေပြီ။

*Vrr Vrr*

"ကိုမြတ်မင်းခန့်၊ ကျွန်တော်မိုးဝေပါ၊ အခုစခန်းကို လာခဲ့ပေးလို့ အဆင်ပြေလားမသိဘူး၊  ခင်ဗျားကို လုပ်ကြံတဲ့လူတွေထဲက တစ်ယောက်ကို မိထားလို့ လှမ်အကြောင်းကြားတာပါ"

"ကျွန်တော် အခုပဲလာခဲ့လိုက်ပါ့မယ်၊ ငပိုင်"

"ဟေ"

"ဟိုလူတွေထဲက တစ်ယောက်ကို မိထားလို့တဲ့၊ငါအခုပဲသွားရမယ်၊ ငါ့အလုပ်တွေတော့ ငါပြန်လာမှပဲ လုပ်တော့မယ်ကွာ"

.......

"လာ၊ ကိုမြတ်မင်းခန့် ထိုင်ပါ"

"မိထားတဲ့လူ ဘယ်မှာလဲ မသိဘူးဗျ"

"ကျွန်တော့်တပည့်တွေ ချုပ်ထားတဲ့ဆီကနေ သွားခေါ်နေပါတယ်"

မကြာခင်မှာပဲ တံခါးဖွင့်သံနှင့်အတူ ရဲဝန်ထမ်းနှစ်ဦး၏အလယ်၌ လက်ထိပ်ခတ်၍ ချုပ်ထားခြင်းခံရသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်လာလေသည်။

"သူဟုတ်လား ကိုမြတ်မင်းခန့်၊ခင်ဗျားပြောတဲ့ မျက်ခုံးနားမှာ အမှတ်ရှိတဲ့သူ"

မြတ်မင်းခန့်လည်း ထိုလူကိုသေချာအကဲဖြတ်ပြီး သူတွေ့ခဲ့တဲ့အမှတ်နှင့် တူမတူ ပြန်လည်ဆန်းစစ်ကြည့်လိုက်သည်။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now