Part 26

400 21 0
                                        

(Unicode)

ညဉ့်ဦးတစ်ယောက် ‌သတိရလာပြီး ဖြည်းညှင်းစွာ  မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျယ်ဝန်းသော အိပ်ခန်းနဲ့အပြင်အဆင်ကြောင့် ပြင်ဦးလွင်အိမ်သို့ ပြန်ရောက်နေပြီဖြစ်မှန်း သိလိုက်လေသည်။ အလျင်အမြန်ပင် လှဲလျောင်းနေရာမှထကာ တံခါးကိုဆွဲဖွင့်‌သော်လည်း ဖွင့်လို့မရပါ။အပြင်ကနေ တစ်စုံတစ်ယောက်က lockချထားသောကြောင့် တံခါးကို တဒုန်းဒုန်းမြည်အောင် အားကုန်သုံး၍ ထု‌မိတော့သည်။

"အပြင်မှာ ဘယ်သူရှိလဲ၊ငါ့ကို အခုချက်ချင်းထုတ်ပေး၊ မာမီ ဒယ်ဒီအပြင်မှာရှိရင် သားကို အခုတံခါးဖွင့်ပေးပါ၊သားရန်ကုန်ပြန်မှဖြစ်မှာမို့လို့ သားကို အခုတံခါးဖွင့်ပေးပါ"

"အကိုလေး၊‌ ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးပါ၊တံခါးကတော့ ကျွန်တော်တို့ကို မေမေကြီးကိုယ်တိုင်က ပိတ်ပြီးစောင့်ကြည့်ခိုင်းထားတဲ့အတွက် ဘယ်လိုမှ ဖွင့်ပေးလို့မရလို့ပါ"

"စကားရှည်ရှည်ဝေးဝေးပြောမနေနဲ့ ဖွင့်ပေးဆိုဖွင့်ပေး၊ မဖွင့်ပေးရင် ငါတစ်ခုခုလုပ်လိုက်မှာနော်၊ပြတင်းပေါက်ကနေ ခုန်ချလိုက်တာဖြစ်ဖြစ်"

"အကိုလေး စိတ်ထင်ရာတွေလျှောက်လုပ်လည်း အကိုလေးပဲ ဒုက္ခရောက်ရုံရှိမယ်၊ အောက်မှာလည်း ကျွန်တော်တို့လူတွေအပြည့် အစောင့်ချထားတာတွေရှ်ိပါတယ်"

"တောက်....ငါ့ကို ဒီလိုချုပ်ထားလို့လည်း ရမယ်ထင်နေလို့လား၊ အခုဖွင့်ပေး၊ မဖွင့်ပေးရင် ဒီအိမ်ကို မီး‌လောင်အောင်လုပ်ပစ်မယ်၊ အခုဖွင့်ပေး"

ညဉ့်ဦးစိတ်ထဲ အလွန်ဒေါသများဖြင့် ပြည့်နှက်လာကာပြောလည်းပြော လက်ကလည်းတံခါးကို အဆက်မပြတ် ထုလို့သာ နေတော့သည်။ကြာလာတော့ လက်တွေသာ နာလာပေမယ့် အရှေ့ကလူတွေကတော့ ဂရုတောင်နည်းနည်းလေးမှ မစိုက်ပါ။

"ဘာတွေဖြစ်လို့ အဲ့လောက်တောင် ဆူညံနေတာလဲ၊ နင်တို့ကို ငါပိုက်ဆံ‌ပေးပြီးငှားထားတာ လူတစ်ယောက်တောင်  နိုင်အောင် မထိန်းနိုင်ဘူးလား"

ညဉ့်ဦးအသံကြားတည်းက သိလိုက်ပါပြီ။ ဒီလိုမျိုးအထက်ဆီးဆန်ဆန်နဲ့မာန်အပြည့်ဖြစ်နေတဲ့ ဩဇာရှိတဲ့တစ်ဦးတည်းသောအမျိုးသမီးက သူ့အဘွားကလွဲ မည်သူမှမဖြစ်နိုင်ဟုပါ။အခုလောလောဆယ်မှာတော့ သူ့အဘွားအရင်း၏မျက်နှာကို‌တောင် သူလုံးဝမကြည့်ချင်။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Onde histórias criam vida. Descubra agora