(Unicode)
မနက်ခင်းရဲ့ နေရောင်ခြည်က ပြတင်းပေါက်မှ တစ်ဆင့် အခန်းတွင်းသို့ ဖြာကျကာ ဝင်ရောက်လို့လာနေသည်။ ခြံအတွင်းရှိ သစ်ပင်တစ်ချို့မှာလည်း ငှက်လေးတွေက အနားယူကာ တကျိကျိနှင့်စကားတွေ ပြောနေကြပြန်တယ်။
အရုဏ်ဦးရဲ့ အလှဟာ မနက်ခင်းအားကစားလုပ်သူများ၊ အလုပ်သွားဖို့ ပြင်ဆင်နေသူများနှင့် လှချင်တိုင်းကို သက်ဝင်လှုပ်ရှားကာ လှနေတော့တာပဲ။ ညဉ့်ဦးရဲ့အကြိုက်ဆုံးအချိန်က မနက်ခင်းအချိန်လို့ ပြောလို့ရသလိုတကယ်လည်း သူနှစ်သက်ပေတယ်။
ဒါပေသိ ငယ်စဥ်ကတည်းက ၈နာရီအစောဆုံး နိုးတတ်တဲ့ သူ့အတွက်တော့ ရှားရှားပါးပါး ဆယ်တန်းတုန်းကမှ ၅နာရီခွဲတစ်ရက်န်ိုးပြီးတည်းက မနက်ခင်းကိုကြိုက်တယ် ဖြစ်သွားတော့တာပါ။ခရီးတွေထွက်ရင်း tour guideပေါက်စလေးဘဝနဲ့ ဒုတိယအရွယ်မှာ ဥစ္စာရှာဆိုသည့်အတိုင်း ရုန်းကန်လှုပ်ရှားရတဲ့အချိန်မှာတော့ ပိုဆိုးပေါ့။ မနက်စောစောအလှအပခံစားဖို့ဆိုတာ ဆယ်ခါ့ရန်မှတစ်ခါတောင် မသေချာ။ ခရီးကပြန်ရောက်သည့်တချို့အချိန်များမှာလည်း လူအများအိပ်ကောင်းသည့် ဝေလီဝေလင်းအချိန်များ ဖြစ်တတ်သည်မို့ အစောဆုံးနိုးသည့်အချိန်က ၁၁နာရီကနေ၁၂နာရီကြား အော်တိုဖြစ်လာတော့၏။
အချိန်ကား မနက်၁၁နာရီခွဲတော့မည်။ ညဉ့်ဦးကတော့ အိပ်ယာထဲမှာ ဟိုလှိမ့်ဒီလှိမ့်နှင့် မျက်လုံးကို ပြူးပြဲကာဖွင့်နေရဆဲ။ အရင်ကလို အသံပြဲကြီးနှင့် တေးသံကလည်း လာမနှိုးတော့သောကြောင့် အဆင်တွေပြေချင်တိုင်းကို ပြေနေလိုက်တာဆိုတာ။ မြတ်မင်းခန့်ဆိုသည်မှာလည်း တခြားအတွဲတွေလိုမျိုး မနက်မိုးလင်းရင် နှိုးမယ်ထင်ပါသလား။ အထင်မမှားလိုက်ပါနှင့်။ သူ့ယံငယ် အိပ်ရေးတွေပျက်ပြီး မျက်တွင်းလေးတွေချိုင့် ပါးလေးတွေချိုင့်ကုန်မှာ စိုးရိမ်တယ်ဆိုကာ ဘယ်တော့မှမနှိုးပါ။
အိပ်ယာထဲမှာ ဆက်နေနေလို့ကတော့ brunchတောင် မမီဘဲdinnerဖြစ်ကုန်တော့မှာကြောင့် အမြန်ပင် ကုန်းရုန်းထပြီး ရေချိုးအဝတ်အစားလဲကာ နေ့တစ်နေ့ကို အစားနှင့်အစပြုရန် အောက်ထပ်သို့ အလျင်အမြန်ဆင်းလာ၏။
ESTÁS LEYENDO
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)