Part 23

518 24 0
                                        

(Unicode)

"ယံငယ် စိတ်ကို အေးအေးထားနော်၊ဘာမှလျှောက်မစဉ်းစားနဲ့၊ ကိုယ်ဖြေရမယ့်စာကို သေချာအာရုံစိုက်နော်၊ပြီးရင် မဖြေခင် ဘုရားကိုအရင်အာရုံပြုပြီး ဦးချလိုက်ဦး‌‌နော်"

"ဟုတ်ကဲ့ပါ ကိုကိုရယ်၊ အရင်နေ့တွေကလည်း ကိုကိုမှာထားတာပဲကို၊ကျွန်တော်သိပါတယ်၊စိတ်မပူနဲ့"

"ပူရတာပေါ့ ယံငယ်ရယ်၊ဒီနေ့က ရေးဖြေနောက်ဆုံးနေ့ ကျောင်းသားဘဝမှာ ဒီလိုစာမေးပွဲ‌ဖြေရတာ နောက်ဆုံးဆိုတော့ စိတ်တွေဘာတွေလှုပ်ရှားပြီး အမှားလုပ်မိမှာစိုးလို့ ကိုကိုကပြောတာ"

"ကိုကို့ပုံစံကြီးက ဆယ်တန်း‌ဖြေမယ့်သားကို အမေကစိတ်ပူလို့ တတွတ်တွတ်မှာနေတဲ့ ပုံကြီးအတိုင်းပဲ"

"အဲ့လိုဖြစ်သွားတာလား၊ ကိုယ့်ဘာကိုယ်တောင် သတိမထားမိဘူး"

"ဟုတ်တယ်၊ တကယ် အဲ့လိုကြီးဖြစ်သွားတာ"

"ကဲ...ညဉ့်ဦးရေ ပြီးရင်လည်းသွားမယ်ဟေ့၊ အချိန်နီးနေပြီ၊ခဲအိုလည်း မှာလို့ပြီးပြီမလား၊ ဒီကောင်မလေးကိုလည်း သနားကြပါဦး၊ ဘယ့်နှယ် သူတို့ရိုတာကို ၆ရက်လုံးလုံး ထိုင်ကြည့်လာရတာ အခုလည်းငုတ်တုတ်ထိုင်ပြီး စိတ်ဓာတ်‌တွေတောင် ဒုံးဒုံးကျချင်တယ်၊သည်းနေလိုက်ပုံက တကယ်ပဲ"

"ငါ့ညီမလေး သနားပါတယ်ကွာ"

"ငါ့ခယ်‌မလေးကို ဘယ်သူတွေ စိတ်ညစ်အောင်လုပ်တာလဲ၊ သူတို့တွေကို စိတ်ထဲမှာမှတ်ထားပြီးရင် ရည်းစားရတာနဲ့ သူတို့ရှေ့မှာ မှတ်လောက်သားလောက်အောင် ပြန်ရိုပြလိုက်"

"ဟုတ်တယ်၊ သူတို့ကိုမကျေနပ်ဘူး၊ အခုတော့ စိတ်ထဲမှာပဲ မှတ်ထားဦးမယ်၊ ဒါနဲ့ အပြန် ညီမပြန်မလိုက်ဘူးနော် ခဲအို၊ညဉ့်ဦးကိုပဲခေါ်သွား၊ နောက်ပြီးတော့ ၆ရက်လုံးလုံး ညဉ့်ဦးကို အပို့အကြိုလုပ်ပေးရင်းနဲ့ ညီမကိုပါ ခေါ်လာပေးလို့ ရှဲရှဲပါ"

"ကိုယ့်ကောင်လေးရဲ့ညီမ ကိုယ့်ခယ်မလေးပဲဟာ ဒီလောက်ကတော့ ကူညီပေးရမှာပေါ့၊ ဒါဆိုယံငယ် ကိုကို သွားပြီနော်၊ အပြင်ထွက် စောင့်မနေနဲ့၊ နေပူတယ်၊ နေရိပ်ထဲမှာပဲ စောင့်နေ၊ကိုကိုလာမှပဲ ထွက်လာ၊ ဟုတ်ပြီလား"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now