Part 3

1K 45 0
                                        

(Unicode)

"ငပိုင်....ငါ....ငါ...အခုလေဘုရားပေါ်မှာကလေး‌ကိုတွေ့လိုက်တယ်ဟ"

"ဟမ်...၊မင်းဟာက ဟုတ်ရောဟုတ်ရဲ့လား၊ လူမှားတာ မဟုတ်ဘူးလားကွာ"

"မဟုတ်ပါဘူးကွာ သေချာတယ်၊ တကယ့်ကို ကလေးမှ ကလေးအစစ် လွန်ခဲ့တဲ့တစ်နှစ်ကျော်က သူ့ကိုတွေ့တဲ့ပုံလေးအတိုင်းပဲ"

"ကံတရားက မင်းဘက်ပါလာပြီထင်တယ် သားကြီးရေ၊ မင်းလနဲ့ချီပြီး ယတြာတွေ ကြိုးစားချေတဲ့ ရလဒ်တွေလား မသိဘူး"

"မသိဘူးကွာ၊ ဘာပဲဖြစ်ဖြစ် ငါသူ့ကို အခုတော့ ရအောင်စုံစမ်းပြီး သူ့အကြောင်းတွေ သိအောင်လုပ်ရမယ်"

"မင်းကဘယ်လိုရှာမလို့လဲ၊ မင်းဖုန်းထဲက သူ့ပုံနဲ့ရှာနေခဲ့တာ လချီနေတာပဲကို တွေ့မှမတွေ့ခဲ့တာ၊ အခုက ကံကောင်းလို့ ပြန်တွေ့တာမဟုတ်လား"

"အေး ဟုတ်သားပဲ၊ ဒါပေမယ့် အခုက ထူးတယ်ကွ၊ ကလေးမှာက သူနဲ့တူတဲ့ အမြွှာညီမတစ်‌ယောက်ရှိတယ် ပြီးတော့ သူတို့သူငယ်ချင်းကောင်လေးက အခုလက်ရှိမှာ နာမည်ကြီးနေတဲ့ vlogger၊ အဲ့တော့ ဒီကောင်လေးက တစ်ဆင့်စုံစမ်းမယ်ဆိုရင် ကလေးအကြောင်းတွေ သိရင်သိနိုင်တာပဲလေ"

"အေးပါကွာ၊ အခုမင်းဘယ်မှာလဲ၊ လမ်းမှာလား"

"မဟုတ်ဘူး၊ ဘုရားပေါ်မှာပဲ ရှိသေးတယ်"

"မြန်မြန်ပြန်လာဦး၊ နေ့လည်၁၂ခွဲမှာ customerတစ်ယောက်နဲ့ ချိန်းထားတာရှိတယ်နော် ငခန့်"

"အေး၊ အချိန်မီပြန်လာမယ်၊ စိတ်ချ"

......................................................................

"ရော့ ဒီမှာ နင့်အတွက် pre-birthday present"

စစ်ရှိုင်းမာန် ခေတ်မြတ်နိုးလက်ထဲမှ ဘူးလေးကို ယူကြည့်လိုက်တော့ သူလို‌ချင်နေတဲ့ timberland sneaker နက်ပြာလေးကို တွေ့လိုက်ရသည်။

"ခုနက နင်နဲ့တေးသံပျောက်သွားတာ ဒါသွားဝယ်နေ‌တာလား"

"အေး၊ ဟုတ်တယ်"

"မင်းက ဒီနှစ်မှထူးထူးဆန်းဆန်း ဘာလို့မွေးနေ့မှာမှ ခရီးထွက်ရတာလဲ"

"နင်ကလေ ရှည်ကိုရှည်တယ်၊ သူ့ကိစ္စရှိလို့နေမှာပေါ့"

မြတ်နိုးဝင်ဟောက်မှ ရဲရင့် ငြိမ်သွားရှာပါသည်။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now