Part 35

330 20 0
                                    

(Unicode)

၂၀၁၂ခုနှစ်၏ ပြင်ဦးလွင်မြို့လေးသည် သူ့မူအတိုင်း လှမြဲလှဆဲ အေးချမ်းမှုကိုဆောင်ဆဲဖြစ်သလို ၇တန်းအရွယ် ညဉ့်ဦးတို့မောင်နှမ၏ နေ့ရက်များသည် အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူများပီပီ အိမ်နှင့်ကျောင်းအမြဲအချိန်ပြည့် အလုပ်ရှုပ်နေရလေသည်။

သတ္တမတန်း(B)ဟု ရေးထားသော စာသင်ခန်းလေးမှ မောင်နှမနှစ်ယောက်စလုံး ဆရာ၊ဆရာမများ၏ သင်ကြားမှုအား အာရုံစူးစိုက်မှုအမြဲရှိကာ စာအသင့်အတင့် ကြိုးစားကြခြင်း၊ အတန်းဖော်သူငယ်ချင်းများနှင့်လည်း သင့်တင့်အောင်ပေါင်းကာ လိုက်လျော‌ညီထွေနေတတ်လေ့ရှိသည့်အပြင် အတန်းငယ်သော ကလေးတချို့အကူအညီလိုလို့စာလာ မေးကြလျှင်လည်း စိတ်ပါလက်ပါ အားတက်သရော ရှင်းပြလေ့ရှိသောကြောင့် လူချစ်လူခင် ပေါများသည်ဟု ဆိုနိုင်၏။

"တေးသံတို့ရေ လာပါဦးဟ၊ ငြိမ်းသီရိ မေ့လဲသွားလို့"

"ဟမ်..ဘယ်လိုဖြစ်လို့လဲ၊ငါတို့လာပြီ"

ညဉ့်ဦးအပါအဝင် တေးသံတို့သူငယ်ချင်းတွေလည်း အလျင်အမြန်ပင် လာခေါ်တဲ့လူနောက်မှ လိုက်သွားကြသည်။ငြိမ်းသီရိမှာ ကျောင်းဝင်းထဲရှိ စက်ဘီးများရပ်နားရာနေရာတွင် သူ့စက်ဘီးဘေး၌ မေ့လဲနေခြင်းဖြစ်သည်။

ငြိမ်းသီရိ၏ နံဘေး၌ ဖားများခုန်ပေါက်ကာ သွားနေကြသည်ကို ပုံမှန်မဟုတ်ဘဲ မြင်လိုက်ရ၏။စက်ဘီးမှာလည်း လဲကျ‌နေပြီး ခြင်းထဲတွင်လည်း ဖားအချို့က ဝပ်‌နေကြသေးသည်။ငြိမ်းသီရိက အလွန်ကြောက်တတ်သူ တစ်ယောက်ဖြစ်ပြီး ဒီတစ်လောကလုံးတွင် သူအကြောက်ဆုံးအကောင်မှာ ဖားဖြစ်လေသည်။  ကျောင်းဝင်းမှာလည်း မိုးတွင်းမဟုတ်ဘဲ နွေဘက်ဖြစ်သောကြောင့် ဖား‌များ တော်ရုံတန်ရုံထွက်မလာတတ်ကြပေ။

တစ်ယောက်ယောက်ကများ စချင်နောက်ချင်သည့်သဘောဖြင့် သူ့အနားများ လာပစ်ထားလေသလား။  သို့သော်လည်း သူ့စရိုက်မှာ အေးသည့်အထဲတွင် ပါသောကြောင့် မည်သူနှင့်မှလည်း ရန်ငြိုးရန်စမရှိတတ်။

"ဘယ်သူက စသွားတာလဲဟယ်၊ ငါ့သူငယ်ချင်းက ဖားကြောက်ပါတယ်ဆိုမှ၊သိလို့ကတော့ ငါ့လက်နဲ့အတွေ့ပဲ"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now