(Unicode)
"ဒီလဒကလေ တတ်လည်းတတ်နိုင်တယ်၊ ခရီးထွက်ပြီးနှစ်ပတ်ကြာမှ ပြန်ပေါ်လာတယ်၊ ပြီးတော့လည်း ချက်ချင်းကြီး ဖုန်းလှမ်းဆက်ပြီး ဒီbarကိုချိန်းတယ်"
"အေးလေကွာ၊ ဘာတွေ ဒီလောက်တောင် အရေးကြီးတာ ပြောမလို့လဲ မသိဘူး"
"ညဥ့်ဦး၊ နင်တို့မောင်နှမ ဘာမှမသိဘူးလား"
"ငါတို့ဘာမှမသိလို့ ပြောနေတာပေါ့"
"နင်တို့ကလည်း သူလာရင်သိမှာပေါ့ ဘာအကြောင်းလဲဆိုတာ"
တေးသံပြောပြီး မကြာခင်မှာပဲ စစ်ရှိုင်းမာန် ကောင်လေးတစ်ယောက်ရဲ့ လက်ကိုဆွဲပြီး စပ်ဖြီးဖြီးနဲ့ ဝင်လာတော့ ညဉ့်ဦးတို့လေးယောက်ဆိုတာ မျက်လုံးအဝိုင်းသားလေးတွေနဲ့ ကြောင်ကြည့်နေရှာပါသည်။
"ဟင်....ငယ်လေးက ဘယ်လိုပါလာတာလဲ"
"တေးသံ နင်သူ့ကိုသိနေတာလား၊အစ်ကိုဖြစ်တဲ့ငါ့ကိုတောင် မပြောဘူး၊ရှိုင်းမာန် မင်းကရောဘာလဲ၊ ပြောစရာရှိတယ်ဆိုပြီးတော့ ဒီကောင်လေးကရော ဘယ်သူလဲ"
"မင်းတို့မှာ မေးစရာမေးခွန်းတွေ ရှိတယ်ဆိုတာ ငါနားလည်ပါတယ်၊ နောက်ပြီး အခု ငါလုပ်လာတဲ့ကိစ္စက တေးသံတောင်မှ မသိတာ၊အဲ့တာကြောင့် အကုန်လုံးကို ရှင်းပြချင်လို့ ဒီကိုခေါ်လိုက်တာ"
"ဘာ....ဘာတွေမို့လို့လဲ၊ ငါတော့လည်လာပြီနော် ဟေ့ရောင်"
"ငါပြောပြမယ် ၊အမှန်တော့ သူ့နာမည်ကစိုင်းဝေဟန် ငါ့ချစ်သူ၊ အခုတော့ ငါ့ယောကျာ်းဖြစ်သွားပြီပေါ့ ဟဲဟဲ"
"ဘာ..."
လေးယောက်စလုံးရဲ့ high noteကြောင့် စိုင်းဝေဟန်ခဗျာ တော်တော်လန့်နေရှာပါပြီ။
"ငယ်လေး ဒီကိုလာဦး၊ အဲ့အကောင် အရူးချီးပန်းလျှောက်ပြောနေတာမလား ငယ်လေးကသူ့ယောကျာ်းဖြစ်သွားပြီဆိုတာ"
"ကိုကိုပြောတာ ဟုတ်တယ်မမ၊ ကိုကို ကျွန်တော့်ကိုမခွဲနိုင်တော့လို့ဆိုပြီး ခိုးလာတာ"
"ဟဲ့အကောင်၊ ငါ့ကိုနင်ပြောတော့ ဟန်လေးနဲ့ နင့်မွေးနေ့မှာ နေချင်လို့ ရှမ်းပြည်ကို လိုက်သွားတာဆို၊ အခု နင်လုပ်လာတာ ကောင်းသေးရဲ့လား"
YOU ARE READING
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)