(Unicode)
"ဟို...ကျွန်တော်တို့လည်း မိဘတွေဖြစ်နေကြပြီ"
"ဟေ"
"ဟမ်"
"ဘာ"
ရှိသမျှလူအကုန်လုံး မျက်လုံးတွေပြူးကုန်ကာ စိုင်းဝေဟန်ပြောလိုက်သည့်စကားကို နားမလည်နိုင်ဖြစ်ကုန်သည်။အာမေဋိတ်သံတွေ တစ်မျိုးစီလည်း လူစေ့ထွက်ကုန်သည်။ ထိုထဲမှာမှတေးသံမှာတော့ သူ့အတွေးနဲ့သူ ဖြစ်နိုင်ခြေကို ခေါင်းခြောက်နေသည်။နောက်ဆုံးတော့ သူလည်းမနေနိုင်တဲ့အဆုံး မထူးဇာတ်ခင်းကာ စိတ်ထင်တာတွေ မေးရန် အသင့်အနေအထား။
"ငယ်လေးမဟုတ်မှလွဲရော၊ငယ်လေးမှာ သားအိမ်ပါနေတာလား၊အား.....male pregnantကို ငါဖတ်နေကျတွေထဲမှာပဲ ရှိတယ်ထင်တာ၊ အခုမှ မျက်ဝါးထင်ထင် တွေ့ရတော့မယ်"
ပြောလည်းပြော မျက်လုံးကလည်း စိုင်းဝေဟန်ဗိုက်သို့အော်တိုကိုရောက်နေသည်။ ဘေးကလူတွေမှာတော့ ဘာတွေမှန်း လိုက်မမီသလို နားတွေလည်းမလည်တော့။
"မမ မဟုတ်ဘူးနော်"
"မဟုတ်ဘူးဆိုရင် မဟုတ်မှလွဲ omegaverse ထဲကလိုမျိုးများလား၊ အဲ့လိုဆို ရှိုင်းမာန် နင်ကalpha၊ငယ်လေးက omegaပေါ့၊ အဲ့လိုဆိုရင် မျက်ဝါးထင်ထင် တကယ့်ကမ္ဘာမှာ တွေ့ရတာ ငါပထမဆုံးပဲ၊ ဟယ်..ငါဘယ်လိုတောင် ကံတွေကောင်းနေတာလဲ"
"Alpha, omega ဘာတွေလဲ မမရယ်၊ကျွန်တော်မသိတော့ဘူး၊ မမ ထင်နေသလိုကြီးမဟုတ်ဘူး"
"အဲ့တာဆို ဘာလဲ အငှားကိုယ်ဝန်ယူထားတာလား၊ အဲ့လိုယူတာဆိုရင်တော့ ငါလုံးဝသဘောမတူဘူး၊ကြိုက်လည်း မကြိုက်ဘူးနော်၊ဘယ့်နှယ် အငှားကိုယ်ဝန်ဆို နှစ်ယောက်တည်းက တစ်ယောက်တည်းရဲ့ ကလေးပဲဖြစ်မှာ၊ ငါလုံးဝ လက်မခံဘူး၊ငါမြင်ချင်တာက နှစ်ယောက်စလုံးရဲ့ကလေးကိုပဲ၊ ဒီလိုလုပ်ဖို့ ဘယ်သူစတာလဲ၊ လဒကောင်
ရှိုင်းမာန်နင်လား""မဟုတ်ဘူး မမရာ၊ဘယ်လိုရှင်းရမလဲကို မသိတော့ဘူးဗျာ၊ မမချည်းပဲ ပြောနေတာပဲ"
"ကိုခန့်မင်းပိုင်၊ အကို့ဟာမလေးကို မထိန်းတော့ဘူးလားဗျာ၊သူထင်ရာတွေ ပြောနေတာနဲ့ ကျွန်တော့်ဘေဘီလေး စိတ်တွေညစ်ကုန်ပြီ"
![](https://img.wattpad.com/cover/225057377-288-k177727.jpg)
ŞİMDİ OKUDUĞUN
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)