(Unicode)
"ကြီးသွယ်၊ သားကို တစ်ခုခု ပြောပြစရာမရှိဘူးလား၊ တေးသံတောင် သိထားတဲ့ဟာကို သားက မသိသေးတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ၊ သားလည်း ဒီမိသားစုဝင်ပဲကို၊ သားကိုပဲ အကုန်လုံးက ထိန်ချန်ထားကြသလိုပဲ"
"သားကြီးက တကယ်သိချင်နေလို့လားကွယ်၊ သိရင်လည်း စိတ်ဆင်းရဲရုံကလွဲ ဘာမှမလုပ်နိုင်မှာကို"
"ပြောပြပါ ကြီးသွယ်ရယ်၊ သားအကြောင်းလည်း ကြီးသွယ်တို့ သိသားပဲ၊ တစ်ခုခုလိုချင်တာ သိချင်တာရှိရင် မရမချင်း ဂျီနေတတ်တဲ့ဟာကို၊ တေးသံကို မေးတော့လည်း ကြီးသွယ်နဲ့တစ်လေသံတည်းပဲ၊ မပြောပြဘူး၊ကြီးသွယ်ရယ် လုပ်ပါ၊ ပြောပြပါနော်"
ညဉ့်ဦးရဲ့ ချစ်စရာကောင်းတဲ့ပုံစံမျိုးစုံ ထုတ်သုံးကာ အနီးကပ်မရမက လိုက်ကပ်ပြီး လိုချင်တာမရတဲ့ ကလေးလိုမျိုး ဂျီတိုက်နေတာကြောင့် ကြီးတော်ဖြစ်သူမှာ လက်လျှော့လိုက်ရတော့သည်။ သူလည်းလေ ဒီမိသားစုဝင်မို့ သိချင်ရှာမှာပေါ့။ အငယ်မက သူ့အကိုကို ကူညီရင်းနဲ့ အစရှာတွေ့ပြီး အစ်အောက်မေးလို့ပြောလိုက်ရသေးတာပဲ။ အကြီးကောင်ကို ပြောလည်း ဘာမှတော့မဖြစ်လောက်ပါဘူး။
"သားကြီး ဧည့်ခန်းထဲမှာစောင့်နေ၊ကြီးသွယ် အခန်းထဲက ယူစရာရှိတာယူလာပြီး ပြောပြမယ်၊ ဟုတ်ပြီလား"
"ဟုတ် ကြီးသွယ်"
ဧည့်ခန်းထဲရောက်တော့ ဆိုဖာမှာထိုင်ကာ ခေါင်းစုတ်ဖွားနဲ့ ဖြစ်ပြီး laptopတစ်လုံးဖြင့်အပီအပြင် အလုပ်လုပ်နေသော တေးသံကိုတွေ့လိုက်ရသည်။ညဉ့်ဦးလည်း စချင်တာနဲ့ သူ့ဘေးဝင်ထိုင်ပြီး တစ်ခေါင်းလုံးကို ပိုရှုပ်ပွသွားအောင် ဖွပေးလိုက်တော့ ထိုကလေးမက ထုံးစံအတိုင်း ငှက်ဆိုးထိုးသည့်အလား ထအော်တာ ဧည့်ခန်းထဲဝင်လာသည့် ကြီးသွယ်တောင် ခြေလှမ်းတုံ့ခနဲ ဖြစ်သွားရှာသည်။
"ဒီနှစ်ယောက်ကတော့ အသက်ပဲ၂၃နှစ်ရောက်နေပြီ၊ငယ်ငယ်ကလို ဖြစ်ကြတုန်းပဲ"
"ကြီးသွယ်၊ သမီး အလုပ်လုပ်နေတာကို သူလာစတာ"
"နင်အလုပ်လုပ်နေတဲ့ပုံကိုလည်း ကြည့်ဦးလေ၊မိန်းကလေးတန်မဲ့ တခြားမိန်းကလေးတွေလို အိမ်မှာနေလည်း သပ်သပ်ရပ်ရပ်မရှိဘူး၊ ခေါင်းစုတ်ဖွားနဲ့ တင်ပျဥ်ခွေထိုင်ပြီးတော့ကို နေနေတာ၊ ဒီပုံစံကို ကိုခန့်မင်းပိုင် ဘယ်လိုများရင်ခုန်သွားလဲ ငါစဉ်းစားလို့ကိုမရဘူး"
ВЫ ЧИТАЕТЕ
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)