Extra(Honeymoon-1)🔞

813 22 0
                                    

(Unicode)

Warning🔞
*အသက်၁၈နှစ်အောက် ကလေးများအတွက် မသင့်တော်သော ဇာတ်ဝင်ခန်းပါဝင်ပါသည်။အသက်မပြည့်သော under 18များ back keyနှိပ်ပြီး ပြန်ထွက်ဖို့ တိုက်တွန်းချင်ပါသည်။

................

အချိန်ကား ညနေ၆နာရီ။ Avignon-Provence
Airportအတွင်း၌ မင်္ဂလာပူပူနွေးနွေးဆောင်ထားပြီးသော ကောင်လေးနှစ်ယောက်နှင့် ‌မိသားစုများအပါအဝင် ဖိတ်ထားသည့်ဧည့်သည်တစ်စုမှာ မိမိတို့စီးနင်းမည့် လေယာဉ်ကို‌ စောင့်နေကြရင်းနဲ့ စကားစမြည်ပြောဆိုနေကြသည်။မြတ်မင်းခန့်တို့မှလွဲ၍ကျန်သူများမှာလက်ထပ်ပွဲပြီးပြီးခြင်းတန်းပြန်ကြရန်စီစဉ်ထားသောကြောင့်ဖြစ်သည်။

မြတ်မင်းခန့်နှင့်ညဉ့်ဦးတို့လည်း ဧည့်သည်တွေကို မပြန်ခင် သေချာလိုက်လံနှုတ်ဆက်ကာ ကျေးဇူးတင်ကြောင်းများ ပြောဆိုနေကြသည်။အကုန်လုံးကို နှုတ်ဆက်ပြီးမှ မိသားစုများထိုင်နေသည့်ဘက်သို့ ပြန်လည်ကာ ဝင်ရောက်ထိုင်ရတော့သည်။

"သားတို့ ဂရုစိုက်ကြဦးနော်၊ ရာသီဥတုက အေးတော့ ‌နေမကောင်းတွေ ဘာတွေမဖြစ်စေနဲ့ဦး"

"ဟုတ်ကဲ့ပါ ကြီးသွယ်ရယ်"

"ကြီးသွယ်ကတော့ သားကြီးမရှိရင် အိမ်မှာ ပျင်းနေတော့မှာပဲ"

"သူမရှိလည်း သမီးရှိတဲ့ဟာကို ပူမနေနဲ့ကြီးသွယ် ၊အခုတော့ ကြီးသွယ်နဲ့ဦးလှိုင်တို့ကို သမီးတစ်ယောက်တည်း ချွဲလို့ရပြီ"

"နင့်ခေတ်ရောက်သွားပြီ ဆိုတော့လည်း လုပ်ပေါ့၊ငါမာမီတို့ကို ပြင်ဦးလွင်ပြန်ရင် နင့်ကို အပြီးခေါ်သွားခိုင်းလိုက်မှာ"

"အောင်မယ်လေး ဒီအ‌ ‌မွှေစိန်ကလေးစုတ်လေးကို မခေါ်ပါရစေနဲ့၊ ရန်ကုန်မှာပဲ သူ့ကြီးတော်ကြီးနဲ့ နေပါစေ"

"မာမီတို့ကလည်းမခေါ်ဘူးတဲ့၊ခေါ်ရင်လည်း ငါလည်း လိုက်လို့မရပါဘူးနော်၊ ငါ့အလုပ်က ရန်ကုန်မှာကို၊ ဒါနဲ့ လာဦး၊ ငါတို့လူငယ်တွေချည်းပဲ ဆွေးနွေးစရာရှိတယ်၊ဟိုဘက် သွားရအောင်"

"အခုမှ ထိုင်ရတာကိုဟာ"

"လာပါဟယ်၊ခဲအိုပါ လိုက်ခဲ့"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Donde viven las historias. Descúbrelo ahora