(Unicode)
တစ်စုံတစ်ဦးက တင်းကျပ်စွာဖက်ထားသည်ဟု ခံစားရမှုကြောင့် မျက်လုံးကိုအိပ်ချင်နေပေမယ့်လည်း အတင်းပြူးကာ ဖွင့်ကြည့်မိသည်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က သူ့ကိုရွှန်းလဲ့စွာကြည့်နေသော လူသားတစ်ဦး။ထို့ကြောင့် သူ့ခမျာ ဝမ်းသာလွန်းလို့ အတင်းရုန်းကာ ထမိတော့သည်။
"ကိုကို ဘယ်တုန်းတည်းက သတိရနေတာလဲ"
"ကြာပြီ၊ညတည်းက သတိရနေတာ၊ ယံငယ် တိုးဝှေ့ပြီးအိပ်လာတော့ ဒီအတိုင်းလေးပဲဖက်ထားရင်းနဲ့ နေနေလိုက်တာ"
"အဲ့တာဆို ဆရာဝန်ကို မြန်မြန်အကြောင်းကြရမှာပေါ့၊ ခဏနေခဲ့ဦး ဆရာဝန် သွားခေါ်လိုက်ဦးမယ်"
အတန်ကြာတွင် ဆရာဝန်မှ လာရောက်စစ်ဆေးလေသည်။
"အခြေအနေအကုန်လုံး ကောင်းပါတယ်၊ ခေါင်းကပတ်တီးကတော့ နောက်၁ပတ်လောက်နေမှ ဖြေလိုက်ရင်ရပြီ၊ကျန်တဲ့ဒဏ်ရာတွေကလည်း သိပ်ပြီးစိုးရိမ်စရာမရှိတော့ပါဘူး၊စားချင်တာ စားလို့ရပါတယ်၊အစားတွေဘာတွေ ရှောင်စရာတော့မလိုဘူး"
"ဆေးရုံကရော ဘယ်တော့လောက် ဆင်းရမလဲဆရာ"
"နောက်၁ပတ်ကြာရင် ဆင်းလို့ရပါပြီ"
"တော်သေးတာပေါ့ မင်းပြန်သတိရလာလို့၊ မင်းရဲ့ကလေးက အမြဲအရိပ်တကြည့်ကြည့်နဲ့ ကောင်းကောင်းမွန်မွန်လည်းမအိပ်ဘူး မစားဘူးလည်း ထင်တယ်၊ကြာရင်လဲတော့မှာ၊ ညဉ့်ဦးရေ တိုင်လိုက်ပြီနော်၊ ကိုယ့်ကိစ္စကိုယ်ရှင်းတော့၊ အကို အလုပ်ပြန်သွားလိုက်ဦးမယ်၊
ငါညမှ တစ်ခေါက်လာကြည့်ဦးမယ်၊ငခန့်"
"အေး၊ ယံငယ် ဘာလို့ မစားမသောက်နေတာလဲ"
"စားပါတယ်ဗျာ၊စားတော့ စားပေမယ့် ကိုကိုက ဒိီလိုဖြစ်နေတာ ဘယ်လိုလုပ် အများကြီး စားဝင်မှာလဲ"
"နောက်ဆို အဲ့လိုမလုပ်နဲ့နော် ကိုကိုမကြိုက်ဘူး"
"ဟုတ်ပါပြီ၊ ကိုကို့မိဘတွေ ရောက်လာသေးတယ်"
"တကယ်လား"
"ဪ တကယ်ပေါ့၊ နေမကောင်းတဲ့သူကို နောက်စရာလား၊ ကိုကို့အမေကတော့ ကြည်ဖြူပါတယ်တဲ့၊ကိုကို့အဖေကလည်း အပေါ်ယံသာ စိတ်ဆိုးနေပေမယ့် သေချာဖြောင်းဖြရင်ရမှာပါတဲ့""
أنت تقرأ
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)