(Unicode)
*တောင်*
"ဒီအချိန်ကြီး ငါ့ကိုဘယ်သူ့မှစာမပို့ပါဘူး၊ ဘယ်ကနေ notiကလာတက်နေတာလဲ ၊နောက်ဆို ဖုန်းမသုံးလည်း wifiပိတ်ထားတော့မယ်"
*တောင်*
"အား....စာကိုကောင်းကောင်းလုပ်လို့မရဘူး၊ မနက်ဖြန် tutoအတွက် စာမရသေးပါဘူးဆိုမှ၊ Replyမပြန်မချင်းကတော့ ဆက်တောင်နေတော့မယ်ထင်တယ်"
ညဉ့်ဦး ဖုန်းကို ယူကြည့်လိုက်တော့-
"ညဉ့်ဦး မအိပ်သေးဘူးလား ဒီအချိန်အထိ၊ စောစောမအိပ်ရင် ကျန်းမာရေးထိခိုက်ပြီး pandaဖြစ်မယ်နော်"
"ဪ ၊လတ်စသတ်တော့ကိုမြတ်ကိုး"
ညဉ့်ဦးလည်း စာအုပ်ကိုချပြီး ချက်ချင်း စာပြန်ဖြစ်လိုက်သည်။
"ဟုတ်တယ် ကိုမြတ်၊ ကျွန်တော် မနက်ဖြန် tutoဖြေရမှာ မရသေးလို့ စာဆက်ကြည့်နေတာ"
"ကိုယ် စာလုပ်နေတာကို နှောင့်ယှက်မိပြီထင်တယ်၊ အဲ့တာဆို စာဆက်လုပ်လိုက်နော်၊ အရမ်းလည်း ညမနက်စေနဲ့ဦး၊ ကိုယ်က ညဉ့်ဦးကျန်းမာရေးထိခိုက်မှာစိုးလို့ ပြောတာ"
"ဟုတ်ကဲ့ပါဗျာ ၊ကျေးဇူးတင်ပါတယ်၊ ဒါဆို ကျွန်တော်line outပြီနော်"
"Goodnightပါ ညဉ့်ဦး"
"ကိုမြတ်လည်း Have a sound sleep"
"ချစ်တယ်ကလေး၊ အိပ်မက်ထဲမှာတွေ့ကြမယ်"
မြတ်မင်းခန့်ထုံးစံအတိုင်း ညဉ့်ဦးယံရဲ့ ပုံလေးကို ကြည့်ကာ အိပ်ရာဝင်ဖို့ ပြင်လိုက်သည်။ဒီညတော့ သူ့ရဲ့အိပ်မက်တွေ လှပနေမှာ အသေအချာပင်။
.....................................................................
"မဖြေခင်တုန်းကလည်း မဖြေခင်ကမို့လို့ လုပ်လိုက်ရတာ၊ ဖြေတော့လည်း ထုံးစံအတိုင်း ကူးရတာပဲ၊ တော်ပြီ၊ နောက်ဆို ဘယ်တော့မှ စာမကြည့်လာဘူး၊ အိပ်ရေးပျက်တယ်"
"ငါပြောသားပဲ၊ နင်မှ ငါ့စကားနားမထောင်တာ"
"ဒါကတော့ ဆရာမအနားရောက်လာရင် စာကျက်ထားတော့ နည်းနည်း ရွှီးဖြန်းလို့ရတာပေါ့ ကူးတယ်လို့မထင်အောင်"
ESTÁS LEYENDO
တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ္တမ္းေတာ့အခ်စ္ဆိုတာ....)(Completed)