Part 18

507 29 2
                                        

(Unicode)

ဒီနေ့က အလှူနေ့ဖြစ်သောကြောင့် ညဉ့်ဦးတို့်မိသားစုတွေအကုန်လုံး ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြပြီဖြစ်သည်။ အဘွားဖြစ်သူ ဒေါ်စိုးမဟာမြိုင်၏ဆန္ဒ ဖြစ်သည့် မိဘမဲ့ကျောင်းမှ ကလေးများနှင့် ဆင်းရဲနွမ်းပါးသောမိသားစုမှ အရွယ်ရောက်လို့ သင်္ကန်းမစည်းနိုင်သော ကလေးများကို ဦးစီးဦးဆောင်ကာ သင်္ကန်းစည်းအလှူပွဲ ကျင်းပခြင်းဖြစ်သည်။ အကုန်လုံးက ထောင့်စေ့အောင်သူ့‌နေရာသူ ပြောစရာမလိုအောင် အလုပ်လုပ်နေသောကြောင့် ညဉ့်ဦးတို့အလှူရှင်မိသားစုမှာ‌တော့ ဘုန်းဘုန်းများ‌ဟောသော တရားနာခြင်း၊ သိမ်ဆင်းလောင်းလှူခြင်းများပြီးသည့်နောက် ဧည့်သည်များကို ဧည့်ခံရန်သာ သူတို့မိသားစုတာဝန် ဖြစ်လေသည်။

စစ်ရှိုင်းမာန်တို့သူငယ်ချင်းတစ်စုအပါအဝင် မြတ်မင်းခန့်ပါ ဟင်းချိုလိုက်လံထည့်ပေးသည့် တာဝန်ယူထားသောကြောင့် ညဉ့်ဦးတို့မိဘများမှာ အားလည်းအားနာကျေးဇူးလည်းတင် ဖြစ်ကြရသည်။တေးသံမှာလည်း ဟိုပြေးဒီပြေးနှင့် ဧည့်ခံသည့်တာဝန် ယူထားရသောကြောင့် မအားရပါ။အားနေသည်ကတော့ ညဉ့်ဦးယံတစ်ယောက်သာလျှင်။

ထို့အပြင် မနက်ကတည်းက မြတ်မင်းခန့်ကို အတွေ့မခံပတ်ပြေးနေတာ အခုလည်း ဘယ်ပျောက်လို့ပျောက်နေမှန်းမသိ။ မြတ်မင်းခန့်ခဗျာလည်း ဟိုကြည့်ဒီကြည့်နှင့် ညဉ့်ဦးကိုလိုက်ရှာနေတာ လည်ပင်းကသာ ရှည်လာမယ်ဆို သစ်ကုလားအုတ်လည်ပင်းနီးနီး ဖြစ်နေလောက်ပြီ။ သူ့မှာ စိတ်က သူ့ကလေးကိုမတွေ့လို့ ညစ်လာသည့်အပြင်
ရှိုင်းမာန်တို့အတွဲမှာ မသိမသာရော သိသိသာသာပါ ရိုနေတာ ‌မြင်‌ ‌တွေ့နေရသောကြောင့် ထိုင်ငိုချင်စိတ်ပါ ပေါက်လာရှာသည်။

"‌ကိုကို့ဘေဘီက ဘာလို့ ပူနေတဲ့ဟင်းရည်ချိုင့်ကို သယ်မှာလဲ၊အပူလောင်သွားရင် ဘယ်လိုလုပ်မလဲ၊ မသယ်ရပါဘူးနော်"

"ဒီလောက်လေးနဲ့တော့ ဘာမှမဖြစ်ပါဘူး ကိုကိုရာ၊
ဘေဘီက သယ်နိုင်ပါတယ်"

"လက်ဖဝါးလေးက သေးသေးလေးနဲ့နုနုလေးကို ဟင်းရည်ချိုင့်ကြီးက အလေးကြီး မသယ်နဲ့"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Место, где живут истории. Откройте их для себя