Extra(Honeymoon-2)

802 28 2
                                        

(Unicode)

မနက်ခင်းမိုးလင်းတာနဲ့ ကိုယ်ချစ်ရသူရဲ့ မျက်နှာလေးကို ကြည့်ပြီး နေ့သစ်တစ်ခုကို စတင်ရတာဟာ လူတိုင်းအတွက်တော့ တကယ်ကိုအဖိုးမဖြတ်နိုင်တဲ့ အားအင်တွေကို ရစေနိုင်တယ်လို့ လူတွေက ယူဆကြသည်။

မြတ်မင်းခန့် အိပ်ပျော်နေတဲ့ ညဉ့်ဦးရဲ့ မျက်နှာလေးကို မေးထောက်ပြီး ကြည့်နေတာ သူနိုးလာသည့်အချိန်တည်းက။ ကိုယ်ချစ်ရသူ၏ မျက်နှာအစိတ်အပိုင်းမို့လားမသိ အစိတ်အပိုင်းတစ်ခုချင်းစီကိုက ပြစ်ချက်မရှိလှပလွန်းနေတယ်။

မှိတ်ထားတဲ့အတွက်ကြောင့် မျက်တောင်လေးတွေကလည်း အထင်းသား၊ ဟစိဖြစ်နေတဲ့နှုတ်ခမ်းလေးနှစ်စုံကလည်း အပြစ်ကင်းစွာ၊ နှာခေါင်းလေးကလည်း လုံးလုံးလေးနဲ့ ဖျစ်ညှစ်ပစ်ချင်စရာ။ ထိန်းမရတဲ့အဆုံး အသည်းယားစွာနဲ့ ညဉ့်ဦးရဲ့နှုတ်ခမ်းသေးသေးလေးကို ထိကပ်လိုက်တော့သည်။

*မွ*

နှုတ်ခမ်းက အထိအတွေ့ကြောင့် နိုးသွားသည်ထင် မျက်လုံးတစ်စုံဟာ ဖြေးညှင်းစွာ ပွင့်လို့လာလေတယ်။

"ကိုကို နိုးနေတာကြာပြီလား"

အိပ်ချင်မူးတူးအသံလေးနဲ့ မေးလာတဲ့ အကောင်ပေါက်စအား အသည်းယားလွန်းလို့ ရင်ခွင်ထဲ ဆွဲသွင်းကာ လှဲလျောင်းစေမိပြန်တယ်။ထို့နောက် နှာခေါင်းလေးအား လက်လေးနဲ့တို့ထိကာ ဆော့ကစားမိသည်။

"ကြာပြီ၊ ယံငယ်အိပ်နေတဲ့ပုံလေးကို သဘောကျလို့ ကြည့်နေတာ၊ ခုနက အိပ်ချင်မူးတူးနဲ့ စကားပြောတဲ့ အသံလေးကို ကိုကိုကြားဖူးတာ ဒီနေ့ပထမဆုံးပဲ"

"နောက်ဆို နေ့တိုင်းကြားနေရမှ ရိုးသွားပြီး မကြားချင်တော့ဘူးတွေ ဖြစ်ကုန်မယ်"

"နိုးပါ နိုး၊ ဘယ်တော့မှ ရိုးမှာမဟုတ်ဘူး"

"အခုတော့ ပြောတာပါပဲ၊ ‌ကြည့်ရသေးတာပေါ့"

"ဒီနေ့ လျှောက်သွားဖို့အတွက် နောက်ကျနေတော့မယ်ကလေးပေါက်ရေ၊ စောင်ပုံထဲကနေ ထွက်တော့"

"ဟုတ်....ဟို...ကိုကို"

"ဘာဖြစ်လို့လဲ"

"ကျွန်တော် ထလို့ရအောင် ကိုကိုဖယ်ဦးလေ"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Место, где живут истории. Откройте их для себя