Part 25

444 23 0
                                        

(Unicode)

မြတ်မင်းခန့် အလုပ်တွေများလွန်တာကြောင့် ခေါင်းတောင် မဖော်နိုင်အောင် laptop တစ်လုံးဖြင့် ရှုပ်ယှက်ခတ်လို့ နေပါတော့သည်။ သူ့မှာ decorationပြင်နေဆဲ အပ်ထားတဲ့အိမ်တွေ‌ဆီကိုလည်း အားရင်အားသလိုပြေးရ၊ customerတွေလိုချင်တဲ့ပုံစံ ဆွေးနွေးတာကို ဖုန်းနဲ့လည်းကောင်း လူကိုယ်တိုင် ရုံးမှာလည်းကောင်း ဆွေးနွေးရ၊ designတွေ ဆွဲရနှင့် တော်တော်လေးကို လက်မလည်ပါ။ ခန့်မင်းပိုင်ရော သူရောမှာ ထမင်းကိုတောင် လုပြီးစားရတဲ့အခြေအနေအထိသူတို့ရဲ့ companyလေးက တစ်စတစ်စနဲ့ ဒီနှစ်ပိုင်းများအတွင်း တော်တော်လေးကို လူသိများပြီး တိုးတက်လာပါတော့သည်။ ဒါကလည်း သူတို့ကိုယ်တိုင် အလုပ်ကို စေတနာပါပါနှင့် အလုပ်အပ်တဲ့သူတွေ စိတ်ချမ်းသာအောင် စိတ်နှစ်ပြီးလုပ်ပေးသောကြောင့် စေတနာအကျိုးပေးဖြစ်သည်ဟု ဆိုရမည်။

ညဉ့်ဦးတို့ တစ်တွေမှာလည်း ကိုယ်စီကိုယ်စီ အခြေကျလို့ ဘဝကိုဖြတ်သန်းနေကြပါသည်။ ညဉ့်ဦးဆိုရင် သူဖြစ်ချင်တဲ့ သူဝါသနာကြီးလွန်းလှသည့် tourist guideအလုပ်ကို ဘွားအေဖြစ်သူနှင့် အတိုက်အခံလုပ်ပြီးတော့ကို လုပ်လာခဲ့တာ အခုဆိုရင်guideပေါက်စလေးတစ်ယောက် ဖြစ်နေပြီဖြစ်သည်။

တေးသံကတော့ ကျောင်းပြီးတည်းက သူ့အိပ်မက်ဖြစ်သည့် GMMလိုမျိုးentertainmentထောင်နိုင်ဖို့အရေး လုံးပန်းကာကြိုးစားနေခဲ့သည်မှာ တော်တော်တောင်ခရီးရောက်နေပါပြီ။ စစ်ရှိုင်းမာန်နှင့်စိုင်းဝေဟန်တို့မှာလည်း
စစ်ရှိုင်းမာန်အဖေရဲ့companyမှာ အလုပ်ဝင်ပြီး အသီးသီးအဆင်ပြေနေသလို ရဲရင့်နှင့်‌ခေတ်မြတ်နိုးတို့မှာလည်း‌ လက်ထပ်သွားကြပြီဖြစ်ပြီး နှစ်ဦးသားevent planning companyလေး ထောင်ထားကြသည်။

ရာသီတွေပြောင်းကာ နှစ်တွေလည်းကြာခဲ့ပြီး ဘဝအခြေအနေတွေလည်း ပြောင်းလဲခဲ့ကြသလို ညဉ့်ဦးနှင့်မြတ်မင်းခန့်တို့ကြားက ထားရှိသည့်အချစ်မှာလည်း ဆထက်တပိုးတိုးကာ ပိုမိုခိုင်မြဲသော ချစ်ခရီးလမ်း၌ လျှောက်လမ်းနေကြမြဲ ဖြစ်သည်။တစ်ယောက်နှင့်တစ်ယောက် အလုပ်တွေများကာ ပင်ပန်းကြ‌သော်လည်း နှစ်ယောက်တွေ့လိုက်ပြီဆိုရင် ထိုပင်ပန်းမှုများက ယူပစ်လိုက်သလို ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်ကာ သွားတော့သည်မှာ အချစ်၏တန်ခိုးများလား။

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Onde histórias criam vida. Descubra agora