Part 15

543 27 3
                                        

(Unicode)

ပြင်ဦးလွင်အိမ်မှ လွှတ်လိုက်သောကားက မနေ့ကညတွင်ရောက်လာပေမယ့်လည်း ကြီးသွယ်တို့ရော ပြင်ဦးလွင်ကမိသားစုတွေရော ညဘက်ကြီးပြန်လာမှာ စိတ်မချသောကြောင့် ဒီနေ့မနက်ခင်းမှ မနက်စာစားပြီး ပြန်ရန် ဆုံးဖြတ်ထားကြသည်။ ပြင်ဦးလွင်အိမ် ပြန်ခါနီးအချိန်မျိုးတွင် အလုပ်နဲ့လူနဲ့လက်မလည်အောင် အထုပ်ပြင်ကြရသော အမြွှာနှစ်ယောက်မှာ ဘယ်လိုမှမသက်သာလှ။တစ်ယောက်အိတ် တစ်ယောက် ကိုယ်စီ ပြင်ကြသည်ဆိုပေမယ့် ဒီနေ့ နှစ်ဆပင်ပန်းသည်မှာ‌ တေးသံသာဖြစ်လေသည်။

အကြောင်းကတော့ ညဉ့်ဦးတစ်ယောက် မြတ်မင်းခန့်နဲ့ကိစ္စကြောင့် ငိုပြီးတည်းက သူ့ခမျာ အဖြေရှာနေတာ တစ်ရက်ကျော် ကြာခဲ့ပေမယ့်လည်း အခုထိ အဖြေမရသေးတဲ့အပြင် alcohol tolerance‌ မခံနိုင်သူပီပီ အမူးလွန် အလွန်မူးရာကနေ နဂိုအားနည်းလှသည့် ခန္ဓာကိုယ်က အဖျားပိုးဝင်သွားသောကြောင့် ဘယ်လိုမှ နေလို့ထိုင်လို့  မကောင်းသည့်အပြင် အထုပ်ပါပြင်လို့မရသောကြောင့်
ညဥ့်ဦး၏ နှစ်ယောက်မရှိသည့် မတည့်အတူနေ အမြွှာညီမလေး ညဉ့်တေးသံတစ်ယောက် အကိုဖြစ်သူအစား အိမ်ပြန်ဖို့ အထုပ်ပြင်နေရရှာပါသည်။

ညဉ့်ဦး၏ စိတ်အခြေအနေက လွန်ခဲ့သော တစ်နှစ်ကျော် ၂၀၁၈ခုနှစ်ရဲ့ အောက်တိုဘာလမှာ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးထားဖူးသည့် ရည်းစား၏ မညှာမတာ အသဲခွဲခံရ၊ အပစ်ခံရပြီးနောက်ပိုင်း တစ်ခုခုဆို ပြိုကွဲလွယ်ကာ စိတ်ဓာတ်ကျလွယ်သည့် ရောဂါ ရခဲ့သည်မှာ ကြာလှချေပြီ။ ဆိုးသည်မှာ စိတ်က တစ်ခုခုဖြစ်တာနဲ့ ကိုယ်ပါ နေမကောင်း လိုက်ဖြစ်တတ်သောကြောင့် တေးသံက  ပုံမှန်အချိန်ဆို ညဉ့်ဦးနဲ့ အမြဲ နောင်ဂျိန်ချတတ်ပေမယ့် နေမကောင်းဖြစ်နေချိန်ဆို သူကိုယ်တိုင် ဂရုစိုက်ပေးတာ
ကြီးသွယ်တို့တောင် အနားကပ်မခံပါ။

"သမီးရယ် သားကြီးလည်း နေမကောင်းဖြစ်နေသေးတာ မပြန်ပါနဲ့ဦးလား"

"သမီးက သူ့ကိုစိတ်ပူပြီးပြောပါတယ် ကြီးသွယ်ရယ်၊ ကြီးသွယ်တူကိုက ရတယ် ပြန်မယ်ဆိုလို့ ပြန်ရမှာ"

"အဲ့တာဆိုလည်း သေချာဂရုစိုက်ပြီး ပြန်ကြဦးနော်၊ ကိုရိုးအေး ကလေး‌တွေပါတာ ကားကိုပုံမှန်ထက် ဂရုစိုက်မောင်းနော်၊ တောင်တက်‌လမ်းကို သတိထားဦး  ဟိုရောက်ရင် ညနေပိုင်းလောက် ဖြစ်မှာဆိုတော့"

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Where stories live. Discover now