Part 12

434 29 0
                                    

(Unicode)

"ရောက်သွားမှာပါနော်၊ ရောက်သွားမှာပါ ၊လက်မခံရင်ရော ဘယ်လိုလုပ်မလဲ၊မဟုတ်လောက်ဘူး လက်ခံလောက်မှာ၊ ဘယ်သူမှန်းမသိဘဲနဲ့ ပို့လိုက်တာကိုအလွယ်တကူလက်ခံပါ့မလား ၊တော်ကြာ ရိပ်မိသွားရင်ရော၊ သွားချောင်းရင် ကောင်းမလား၊ အာ....မဟုတ်သေးဘူး၊သွားချောင်းမှတွေ့သွားရင် ပိုပြီးဆိုးကုန်မယ်၊ ရူးတော့မယ်၊ ဘာလုပ်ရမလဲ၊ ငါဘယ်လိုလုပ်ရင် ကောင်းမလဲ"

"အကောင်းဆုံးကတော့ အရူးထောင်သွားလိုက်တော့"

"ခွေးကောင်ငပိုင်၊ငါတကယ်ဘာလုပ်ရမလဲ မသိ ဖြစ်နေပြီကွာ"

"မင်းကလေ ငြိမ်ငြိမ်စိမ်စိမ်လေး ထိုင်နေပါလား၊အခုက မူးနောက်နေတာပဲ၊ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့၊ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် အခေါက်ပေါင်းများစွာ တစ်နေရာတည်းကို ပတ်‌လျှောက်နေတာ ထိုင်ကြည့်နေရတဲ့ ငါတော့မူးလာပြီ"

"အေးပေါ့၊ မင်းလိုမျိုး ရည်းစားပေါင်း ‌သောင်းခြောက်ထောင် တွဲနေပြီး အချစ်ဆိုတာ ဘာမှန်းမသိတဲ့ကောင်က ဒီလိုမျိုးစိုးရိမ်တာမျိုး ဘယ်ဖြစ်ဖူးမလဲ"

"သူတောင်းစားက အခွင့်အရေးရတုန်းငါ့ကိုဖဲ့‌‌တာ၊မင်းကတော့ အချစ်ပါရဂူကြီး ဆိုတော့လည်း အချစ်ကြောင့် စိုးရိမ်ပေါ့"

"တော်ပြီဟိတ်ကောင်၊ငါအတည်မေးမလို့၊ ငါဘယ်လိုလုပ်ရမလဲ တော်တော်စိုးရိမ်နေတာကွာ၊သွားချောင်းရင်ကောင်းမလား ကျောင်းရှေ့မှာ"

"မင်းကိုယ်တိုင်က သွားချောင်းကြည့်ချင်တယ်မလား၊သွားပေါ့"

"သွားမယ်ကွာ ၊ဒါနဲ့ မင်း‌စော်ဆီမသွားဘူးလား ဒီလိုနေ့မှာ"

"ပို့သင့်တာ ပို့ပေးပြီးသွားပြီ၊ တော်ပြီပေါ့၊သူ့ဘာသူ အခုအချိန်ဆို ရတာတွေ fbပေါ်တင်ပြီး ကြွားနေလောက်ပြီ၊ရုံးမှာဆို လာရှာမှာစိုးလို့ မင်းကိုတောင် ရုံးပိတ်ခိုင်းတဲ့ဟာကို၊ငါကတော့ overseaသွားတယ်လို့ လိမ်ထားတာ"

"ပြီးတာပါပဲ၊ ငါတစ်ခါတည်း ညနေစားဖို့ တစ်ခုခုဝယ်လာလိုက်တော့မယ်"

"အေးပါ၊ မင်းသာမြန်မြန်သွား"

......................................................................

တကယ်တမ်းတော့အချစ်ဆိုတာ....(Completed)(တကယ်တမ်းတော့အချစ်ဆိုတာ....)(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ