Part 18 love is hard part 2

1.5K 46 0
                                    

zawgyi

ဆက်ပိုင်

နေ့ခင်းက မိုးခပြောတာကို ကြားပြီးနောက် ဆက်ပိုင်တစ်ယောက်အလွန်အမင်းဒေါသထွက်နေပေသည်။ စည်သူခန့်ကိုဒေါသထွက်သည်ထက် ကိုယ်ကို ကိုယ်ပိုဒေါသထွက်နေသည်က ပိုများနေပေသည်။ သူ မိုးခအတွက် တစ်ခုခု လုပ်ပေးချင်နေသည်။စာသင်နေသော်လည်းစာသင်ခန်းထဲမှာသူစိတ်မရှိပေ။ ခနတာစဉ်းစားပြီး သူစည်သူခန့်ကို ဖုန်းက ချိန်းလိုက်သည်။ မင်း နဲ့ ငါနဲ့ စကားပြောသင့်နေပြီ။" ဒီအချိန်ပြီးတာနဲ့ ငါ အောက်ထပ်က EC major lab မှာစောင့်နေမယ်။'' စာတိုတစ်ဆောင်သူပို့လိုက်သည်။

ကဲ ကလေးတို့ ဒီအပုဒ်လေးကို အိမ်မှာတွက်ထားကြနော်။ မဂ်လာပါကွယ်။ အတန်း EC မှ အရင်ထလိုက်ကာ တစ်တန်းလုံး မဂ်လာပါဟုနှုတ်ဆက်လိုက်ကြလေသည်။ ဆက်ပိုင်က နောက်အပောက်မှဆင်းပြီး လူပြတ်သော library ဘက်ကို သုံးထပ်ဆောင်အနောက်ဘက် လှေကားမှ ဆင်းသွားသည်။ စည်သူခန့်ကတော့ main လှေကားမှတစ်ဆင့် ဆင်းလာကာ EC major lab မှာ တွေ့ကြလေသည်။" ဟေ့ကောင်မင်းငါ့ရည်းစားကို library မှာ ခွေးစကားပြောတာမလား။ ရွံဖို့ကောင်းတဲ့အကောင်။ ဒောသထွက်ကာ ခပ်ကျယ်ကျယ်ဆက်ပိုင်ပြောလိုက်သည်။" " အော် အခုတော့ အဲ့ ကောင်မက သူ့ယောကျာ်းကိုတောင်ပြန်တိုင်နေပြီကို -ီးပဲ။ ဖာသည်မလိုကောင်နဲ့ မင်းနဲ့မတန်ပါဘူးကွာ။ အရင်ကလည်းအဲ့လိုပဲ အခုလည်း ဒီတိုင်းပဲ အဲ့ကောင်မ က။" ဆက်ပိုင်စိတ်အရမ်းတိုလာပြီး လက်သီးတစ်ချက် မျက်နှာကိုကြွေးလိုက်သည်။ စည်သူခန့်ပြန်ထိုးမည်အလုပ် နောက်မှ fujo ယွန်းပိုးက အခြေအနေကို ရိပ်စား မိဟန်ဖြင့်" တော်တော့ နှစ်ယောက်လုံး  "ဟုအော်ပြီးယောကျာ်းလေးနှစ်ယောက်ကြားပြေးဝင်လိုက်သည်။ သူ့အော်သံကြောင့်အနီးအနားတွင်ရှိသော စီနီယာများရောက်လာကြသည်။ စည်သူခန့်က အကြီးအကျယ်မဖြစ်ချင်သည့်အတွက်မင်းနဲ့ ငါ နောက်မှ စာရင်းရှင်းမယ်ဟုဆိုကာ ထွက်သွားသည်။စင်စစ် ယွန်းပိုးကမှု အတန်းဆင်း သောကြောင့်ထွက် ကြည့်မိခြင်းဖြစ်သည်။ စည်သူခန့်ထွက်သွားသော ယွန်းပိုးက မနက်က မိုးခနဲ့ သူ library က ကိစ ကြောင့် ဖြစ်တာမလား။ အေး မဖြေချင်သလိုလို ဖြေချင်သလိုလိုဖြေသည်။ ယွန်းပိုးလည်း သူ သဘောင်္ အမှန်ဖြစ်လာ သောကြောင့်ကြိတ်ပြုံး မိသေးသည်။ သူတို့နှစ်ယောက်ဘာမှမဖြစ်သလို နောက်ဆုံးချိန် အဂ်လိပ်အချိန်ကိုပြန်တက်ကြ၏။ စည်သူခန့်ကမှု အတန်းမတက်ဘဲဆိုင်ကယ်စီးကာပြန်သွားလေသည်။မိုးခကမှုဘာမှမသိပေ။ အချိန်ပြီးခာနီးတွင် စီနီယာ fourth year မှအမ တစ်ယောက်ဝင်လာပြီး the whole welcome က နောက် ဆယ်ရက်နေစမှဆိုတော့ အမတို့ မေဂျာကအက အဖွဲ့ ထွက်ပါမယ်နော် မင်းတို့ 1st year ကလည်းပါဝင်ပေးဖို့မျှော်လင့်ပါတယ်။" ဟုပြောသွားလေသည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now