Zawgyi
မိုးခတို့ဆော့နေတာ နာရီဝက်လောက်ကြတော့ မြတ်နိုးနဲ့ ဆုလတ်ကပါမနေနိုင်တော့ နေအရမ်းပြင်းတော့ ကမ်းခြေမှ လူသိပ်မရှိတောပေ။ မိုးခနှင့်စည်သူခန့် တို့ နှစ်ယောက်တစ်ယောက်ကို တစ်ယောက်ဖက်ထားလိုက် ရေတူတူ ဆော့နေလိုက် တစ်ယောက်ကိုတစ်ယောက် ရေတွေပတ်လိုက်နှင့် ကြည်နူးနေတာ မြင်ရတော့ သူတို့ နှစ်ယောက်ပါမနေနိုင်မထိုင်နိုင် ကမ်းခြေဆင်းချင်စိတ်များဖြစ်လာတော့သည်။
ွ"ယွန်းပိုးရေ ကမ်းခြေကိုဆင်းရအောင်
ငါတို့နှစ်ယောက်တော့ဆင်းတော့မလို့ရယ်။
ကောင်မနှစ်ကောင်ကတော့တကယ်ပဲ။နင်တို့ဆင်းချင်ရင်ဆင်း ငါတော့မလိုက်ဘူး။
ဆုလတ် ဘယ်လိုလုပ်ကြမလဲ ယွန်းပိုးမလိုက်ဘူးတဲ့။
ဟဲဟဲ။ ရတယ်လေ ငါတို့ ချမ်းနဲ့မိုးသောက်ကို သွားခေါ်လိုက်မယ်။ "
"ဒေါက်ဒေါက်" ငါတို့ရေထဲဆင်းတော့မယ်ဟေ့။ နင်တို့လည်းလာကြဦး။ "
ဆုလတ်နှင့် မြတ်နိုးတို့နှစ်ယောက် မိုးသောက်တို့ အခန်းတံခါးကိုခေါက်ပြီး အော်ပြောလိုက်လေသည်။
သူတို့ အခန်းဘေးတွင်တစ်ခြားတည်းခိုသူများမရှိလို့တော်သေးသည်။ ဆုလတ်မက အဲ့လို ပေါက်ကရတွေ လုပ်တတ်သူဖြစ်သည်။
ချမ်း
"ကို ရေထဲဆင်းကြမလား။ဆုလတ်လာအော်သွားတယ်။
ငယ်ကလည်းဆင်းမှာပေါ့။
"အူးမွ" ချစ်ဖို့်ကောင်းစွာ မိုးသောက်ရဲ့ ပေါင်ပေါ်တွင် လဲလျောင်းနေသော ချမ်းရဲ့ ပါးလေးကို နမ်းလိုက်လေသည်။
ချမ်းရှက်ပြုံးလေးဖြာပြီး လဲလျောင်းနေရာက ထထိုင်လိုက်ပြီး လဲစရာအဝတ်အစားတွေယူပြီး ရှက်ရှက်နှင့် အခန်းထဲက နေ ပြေးထွက်သွားပေတော့သည်။
မိုးသောက်လည်း အခန်းထဲမှာပဲ ရေကူးဝတ်စုံလဲ ပြီးနောက်က နေ ချမ်းနဲ့ မိန်းကလေးနှစ်ယောက် အဝတ်လဲရာ နှစ်ခန်းတွဲ ေရှ့တွင်ရပ်စောင့်နေလိုက်သည်။
ဆုလတ်ကတော့ ဇာဂါဝန်ကြီးကို ခပ်တည်တည် ပင်ဝတ်ထား၏။ ရေဆော့မည်ကို ဂါဝန်ကြီးဝတ်ထားသော ဆုလတ်မ၏ ပုံရိပ်ကို မြင်ယောင်ကြည့်ကြပါလော။ အသားကမည်းမည်း ဂါဝန်ဖြူ ကိုယ်ကပ်နှင့် ရေထဲ ဆင်းရင်တော့ ကြည့်ကောင်းဦးမည်။ မြတ်နိုးကတော့ tom ပီသစွာ စပန့်ဘောင်းဘီ ရှည် တီရှုပ်ထူထူ သာ လဲထားလိုက်သည်။

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
רומנטיקהZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...