part 42 mercy or hate?

739 26 4
                                    

Zawgyi

ထားဝယ် မြို့ မှာ ကစားကွင်းဆိုလို့ ရွှေဝယ်သီရိ ကစားကွင်းတစ်ခုသာ အကောင်းဆုံးဖြစ်သည်။ ထားဝယ်မြို့ကို ရောက်လျှင် ရွှေဝယ်သီရိ ကစားကွင်းသို့ရောက်အောင်သွားသင့်ပေသည်။ ည၈ နာရီ လရောင်နဲ့အတူ နတ်ဘုံနတ်နန်းလို မီးလုံးအဝါလေးတွေနှင့် အလှဆင်ထားပြီး ကန်ရေပြင်ထိုင်ခုံကလေးတွင် စည်သူခန့်နာရီကိုကြည့်ပြီးစောင့်နေခဲ့သည်

အနီရောင်ရင်ခွဲ evening grown ကို တောက်ပနေတဲ့ တစ်လက်လက်တောက်ပနေတဲ့ ဂါဝန်ကို ဝတ်ဆင်ထားတဲ့ ရှေရညျ ရွှေရောင် ဒေါက်ဖိနပ်အမြင့်ကို ဝတ်ဆင်ထားပြီး တစ်ဆင့်ချင်း bamboo garden ရဲ့ ဂျပန် အုတ်အဖြူခင်းထားပြီး မီးအဝါရောင်တွေ ခင်းထားတဲ့ လမ်းမထဲ တစ်ဖြည်းဖြည်းလျောက်လာခဲ့သည်။ မြက်ခင်းပြင်တွေကို ဖြတ်ပြီး သည့်နောက် ရေကန်ထဲ stage စင်ဘေးက ထိုင်ခုံမှာစောင့်နေတဲ့ စည်သူခန့်ရှိရာသို့ ရွှေရောင်ပိုက်ဆံအိတ်ကို ချပြီး ဝင်ထိုင်လိုက်သည်။

"ကိုပြောလို့ရပြီ ဘာလို့ တို့်ကို ဒီနေရာ ချိန်းရတာလဲ၊ တို့ကို ချစ်ခွင့်ပန်မလို့တော့ မဟုတ်ပါဘူးနော်။ " ရွှေရည် စကားနာထိုးလိုက်သည်။

တော်လိုက်တော့ရွှေရည်၊ ငါမင်းနဲ့ ချစ်သူမဟုတ်တော့ပေမယ့်။ မင်းနဲ့ သူငယ်ချင်းဖြစ်ခွင့် မဆုံးရှုံးချင်ဘူး ရွှေရည်။

ဲဒီမှာ သက်သေ ရွှေရည်။ USB တစ်ခု ရွှေရည်ရှေ့ ချပေးလိုက်သည်။ ရွှေရည်တစ်ယောက် မိုးခ ကိုလုပ်တာ သိသွားပြီ ထင်တယ်ဆိုပြီး စိတ်ထဲ တွေးထင်မိပြီး မျက်နှာတစ်ချက်ပျက်သွားသော်လည်း ဟန်ဆောင် အပြုံးယောင်ယောင်လေးပြုံးပြီး မသိချင်ယောင်ဆောင်သော မျက်လုံးများနှင့် စည်သူခန့်ကို ကြည့်လိုက်သည်။

ဒါ မင်း မိုးခကို လုပ်ထားတဲ့ သက်သေပါပဲ။ မင်းလုပ်ထားတာ မင်းသိမှာပါ။ အခု ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မပျက်စေချင်ရင် မင်းရဲ့ အမုန်းတွေကို ရပ်ပေးပါ။ ငါလည်းတောင်းပန်ပါတယ် မင်းအတွက်ဆိုးရွားတဲ့ ယောကျာ်းဖြစ်မိလို့။

သူမရဲ့ လှပစွာချယ်သထားတဲ့ မျက်လုံးက တောင်းပန်တိုးလျနေတဲ့ စည်သူခန့်ကို ကြည့်ပြီး ဂရုဏာ သက်မိသည်။ သူမရဲ့ နှလုံးသားက ချစ်ရသူ တောင်းပန်နေသည်ကို ကြည့်နိုင်စွမ်းမရှိတော့ပဲ သူမမြင်အောင် မျက်နှာကိုရေကန်ဘက်လွှဲလိုက်လေသည်။ နီရဲနေသော နှုတ်ခမ်းနားက ပါးပြင်ကိုဖြတ်ဆင်းပြီး မျက်ရည်တစ်စက် အနီရောင်ဂါဝန်ထက်သို့ကျဆင်းသွားသည်။

ပြည့်​တန်​ဆာ ဆန်​သောညများ(zawgyi + Unicode)Where stories live. Discover now