Zawgyi
Author note
စိတ်ဒဏ်ရာတွေဆိုတာ အပြင်ဒဏ်ရာတွေနဲ့ မတူပါဘူး။ စိတ်ဒဏ်ရာဟာ ကုသလို့လည်းမလွယ်သလို။ စိတ်ဒဏ်ရာဖြစ်လို့ဖြစ်နေမှန်းတောင်မသိကြပါဘူး။ စိတ်ဒဏ်ရာ ဖြစ်နေမှန်းသိလိုက်ရတဲ့ အချိန်မှာ တစ်ချို့ကိစ္စတွေက ပြန်ပြင်လို့မရအောင်ပျက်စီး သွားတတ်တယ်လေ။
--------------------------
မိုးခရော သူငယ်ချင်းတွေရောက အိမ်ပြန်ရောက်ရောက်ခြင်း ပြန်ဖို့ ပြင်ဆင်နေကြပြီ။
မိုးခ၊ ဆုလတ်နဲ့ မြတ်နိုးတို့က ရန်ကုန်ကို ဒီညနေ၅ နာရီကားနဲ့ ပြန်ကြမှာလေ။ စည်သူခန့်နဲ့ ယွန်းပိုးတို့က လည်း ည ၅ နာရီလေယာဉ် နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုသွားကြမှာလေ။ ရန်ကုန်လေဆိပ်ကနေ စည်သူခန့်က သူနေတဲ့ မိုးကုတ်မြို့နဲ့ ယွန်းပိုးက စစ်ကိုင်းကို ပြန်ကြမှာလေ။ဆက်ပိုင်ကတော့ အဒေါ်တွေ ရှိတဲ့ ထားဝယ်မှာပဲ ဆက်နေဖြစ်တယ်။ ခင်စန္ဒီ ကတော့ ကားနဲ့ သုံးဆင့် စီးပြီး ထားဝယ်ကနေ အောင်လံကိုပြန်ကြမှာလေ။
ခရီးထွက်ရတာပျော်ဖို့ကောင်းတယ်ဆိုပေမယ့် ထားဝယ် လမ်းခရီးက ပျော်ဖို့မကောင်းပါဘူး။ ရန်ကုန်နဲ့ ထားဝယ်ကို အဝေးပြေးကားနဲ့ လာရင် အနည်းဆုံး ၁၂ နာရီကြာတယ်လေ။ ဘယ်လောက်ပဲ ခံနိုင်ရည်ရှိတယ်ပြောပြော ၁၂ နာရီ ခရီးပြီးရင်တော့ အားပြတ်သွားကြတာကြီးပဲ။
မိုးခ အချိန်အကြာကြီးနေပြီးမှ အိမ်ကိုပြန်ရမှာမို့ပျော်မိသော်လည်း ကားစီးရတာကိုတော့ သူစိတ်ပျက်မိသည်။ သူတစ်ယောက်ထဲ အဲ့လိုခံစားမိသည်မဟုတ်ပါ။ ေကျာင်းသားတိုင်းခရီးသွားတိုင်း ခံစားမိၾကသည္သာ။
အဝေးပြေးကားများသည် အရမ်းအေး အချိန်ကြာကြာစီးရရုံသာမက ထားဝယ်ရဲ့ တောင်များကလည်း မူးဝေစေသည်မို့ သာမန်ခံနိုင်ရည်ရှိရုံမျှနှင့် အသွားအပြန် တစ်ရက်ခရီးကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
မိုးခ ဆိုင်ကယ်ကယ်ရီငှားပြီး ထားဝယ်မြို့ပြင် ကားဂိတ်ကို အထုတ်အပိုးတွေနဲ့ သွားခဲ့သည်။ ဆိုင်ကယ်ကယ်ရီသမားက သူ့ကို ကူညီပြီး သယ်ပေးလို့တော်သေးသည်။ မဟုတ်ရင် ဒီလောက်များတဲ့ အဝတ်အစားတွေ ရန်ကုန်ပြန်သယ်ဖို့လွယ်မည်မဟုတ်ပေ။
YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
Lãng mạnZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...