Zawgyi
စနေနေ့ မနက် ၉နာရီ တိတိမှာ The whole welcome ရှိတယ်လေ။
ဒါကြောင့်မိုးခ တို့ အကအဖွဲ့တစ်ဖွဲ့လုံး နံနက်၇နာရီလာရတယ်လေ။ ဖယ်ရီတွေက ကိုးနာရီမှလာရတာဆိုတော့ မိုးခ ဆက်ပိုင်ကို ဖုန်းဆက်လှမ်းခေါ်ခိုင်းရတော့သည်။
"ဆက်ပိုင် လာခေါ်ပါဦးကွာ ငါတို့ စောစောသွားပြီး တိုက်ရမှာလေ၊ ခုပဲ လာခဲ့မယ်ကွာ "
မိုးခစီက ခေါ်တာ ရရချင်းဆက်ပိုင် click ဘီး ကို နှိုးပြီး မိုးခ အဆောင်စီသွားသည်။ အဆောင်ရှေ့ရောက်တာနှင့် ဟွန်းတီးလိုက်သည်။ အဖြူအပြာ ဝတ်စုံနှင့် ဖြည်းဖြည်းချင်းလမ်းလျောက်လာသော မိုးခကိုမြင်လျှင် သူ့နှလုံး ခုန်သံကို ပင်သူပြန်ကြားရလောက်အောင် တဒုန်းဒုန်းခုန်လာသည်။ မိုးခ ဆိုင်ကယ်နားသို့ ရောကျလာသော အခါ ဆိုင်ကယ်ဦးထုပ်ကို ကိုင်ပြီး မိုးခ အနားသို့ ကပ်ကာ သေချာ စည်းပြီး ဆောင်းပေးလိုက်သည်။ မိုးခ ဖြူဖွေးသောပါးနှစ်ဖက်မှ ပန်းသီးလေးလို နီမြန်းသွားသည်ကို ဆက်ပိုင်တွေ့လိုက်ရလေသည်။ ဒီလို ချစ်စရာကောင်းတဲ့ကောင်လေးရဲ့ ဆွဲဆောင်မှုကို ဘယ်သူက ခံနိုင်ပါမည်နည်း။ ဆက်ပိုင် ရဲ့ ခါးလေးကို ဖက် ခေါင်းကို ဆက်ပိုင်ရဲ့ ကျောပြင်ကျယ်ကို မှီထားပြီး မြို့အပြင်ရှိ ထားဝယ်နည်းပညာတက္ကသိုလ် သို့ ခရီးဆက်လိုက်ကြသည်။
မိုးခတို့ အတွဲ ရောက်တော့ ဆက်ပိုင်တို့ အတွဲက အက ခန်းမှာစောင့်နှင့်နေပြီဖြစ်သည်။
"ဟေ့ အချစ်ငှက်တွေက အစောကြီးရောက်ပါ့"ဆက်ပိုင်က နှစ်ရောက်လုံးကို လှမ်းစသည်။ မိုးခကတော့ သိပ်ပျော်ရွှင်ပုံမရပေမယ့် ဘာမှမပြောပါ။
ထိုစဉ်မား ယွန်းပိုး "သားလေးတို့အတွဲအတွက် မားဝယ်လာတာ သောက်နော်" shark နှစ်ဘူးကို မိုးသောက်လက်ထဲ မားယွန်းပိုးက ထည့်ပေးနေလေသည်။ မိုးခကတော့ မနာလိုတဲ့ မျက်နှာနဲ့" မားတို့က ဘက်လိုက်ပါ့။ အမလေးဟယ် ကောင်လေးရှာလာခဲ့ ဘက်မလိုက်တော့ဘူး" ယွန်းပိုးပြန်ပြောလိုက်မှဘဲတိတ်သွားသည်။
ထိုစဉ် သူတို့ရှေ့မှ EC Queen အဖြစ်ရွေးချယ်ခံထားရတဲ့ ရွှေရည် တစ်ဖွဲ့လုံးကို မတူသလိုမတန်သလို အောက်တန်းစားတွေကို ကြည့်တဲ့အကြည့်နဲ့ကြည့်ပြီးဖြတ်လျောက်သွားသည်ကို မိုးခတို့တစ်ဖွဲ့လုံးမြင်လိုက်ရသည်။ ယောကျာ်းလေးတွေမို့ဘာမှ မပြောကြပေမယ့် ယွန်းပိုးနဲ့မြတ်နိုးကတော့ "ဒီကောင်မ တော့ဘယ်နေ့ပါးကျိုးမလဲမသိဘူး ဆိုကာ ဆက်တိုက်ကြိမ်းနေလေတော့သည်။"

YOU ARE READING
ပြည့်တန်ဆာ ဆန်သောညများ(zawgyi + Unicode)
RomanceZawgyi ကျောင်းသားတွေအားလုံးထဲမှ အချောဆုံး၊ အရှုပ်ဆုံးနဲ့ ကိုမှ ချစ်မိခဲ့တဲ့ မိုးခ။ စည်သူခန့်ရဲ့ မာယာကျော့ကွင်းထဲမှ ရုန်းထွက်နိုင်ပါ့မလား။ တော်ဝင်မျိုးနွယ်ပြီပြီ ကြင်နာတတ်ပေမယ့် ရက်စက် သွေးအေး ပြတ်သားတတ်တဲ့ ချမ်း၊ အရမ်းချစ်တတ်ပြီး ပြီးပြည့်စုံတဲ့ စော...